မုံရွာမြို့ မြဝတီရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ပစ္စတိုသေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မုံရွာမြို့ မြဝတီရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ပစ္စတိုသေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
Published 21 June 2024

စစ်ကိုင်းဒေသကြီး မုံရွာမြို့  မြဝတီရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဇွန် ၂၀ ရက်က ပစ္စတိုသေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်း များဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၂၀ ရက် ညပိုင်းက မုံရွာမြို့ မြဝတီ ရပ် ကွက်တွင် နေထိုင်သော PDF အဖွဲ့ဝင် ထူးနိုင်ဝင်း(ခ)ထူးလေး၏ နေအိမ်တွင် လက် နက်ခဲယမ်းများ သိမ်းဆည်းထားကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့များက သွားရောက် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်း၏မိခင် ဒေါ် ....နှင့် အတူ ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည်အိမ်တစ်ခု၊ ပွိုင့် ၃၈ ကျည်အ တောင့် ၅၀၊ ညကြည့်စနိုက်ပါမှန်ပြောင်းတစ် ခု၊ ကျည်ကာအကျႌတစ်ထည်၊ ကျည်ကာ ဦး ထုပ်တစ်လုံး၊ မိုးကာတဲလုံး၊ ပုခက်တစ်စုံ၊ ကျောပိုး အိတ်နှစ်လုံး၊ ပြောက်ကျားအကျႌတစ် ထည်၊ ပြောက်ကျားဦးထုပ်တစ်လုံး၊ ၂၀၅ ကွန် မန်ဒိုအကျႌတစ်ထည်၊ လက်အိတ်တစ်စုံ၊ ီ တံဆိပ်ပါလက်ပတ်နီတစ်ခုတို့အား သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent