ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇာ) ပြောင်းလဲလျှောက်ထားနိုင်

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇာ) ပြောင်းလဲလျှောက်ထားနိုင်
Published 17 May 2024

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇာ) ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ကိုရီးယားသမ္မတနိုင်ငံ တရားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် 2024 Briefing Session on Visa Policy အစည်းအဝေးသို့ မြန်မာသံရုံး ဆိုးလ်မြို့မှ ပါဝင်တက်ရောက်ခဲ့ရာ အဆိုပါအစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ၌ ကျွမ်းကျင်လုပ်သားရှားပါးလာသည့် အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇာ) ပြောင်းလဲလျှောက်ထားနိုင်ကြောင်းကို သက်ဆိုင်ရာသုံးရုံးများမှတစ်ဆင့် အသိပေးကြညာနိုင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ပါရှိသည်။

အဆိုပါဆွေးနွေးချက်များအရ E-7-4 Visa လျှောက်ထားလိုသူများအနေဖြင့် E-9၊ E-10 နှင့် H-2 Visa ဖြင့် နေထိုင်သူများ လျှောက်ထားနိုင်ပြီး ကိုရီးယားနိုင်ငံအတွင်း လွန်ခဲ့သည့် ၁၀ နှစ်အတွင်း၌ လေးနှစ်နှင့်အထက် နေထိုင်သူ၊ လက်ရှိအလုပ်လုပ်ကိုင်နေသည့် ကုမ္ပဏီတွင် အလုပ်သမားစာချုပ် နှစ်နှစ် အနည်းဆုံးရှိရမည်ဖြစ်ပြီး နှစ်စဉ်လုပ်ခလစာ ကိုရီးယားဝမ် ၂၆ သန်းနှင့်အထက်ရရှိသူ၊ လုပ်သက် တစ်နှစ်နှင့်အထက် အနည်းဆုံးရှိထားသော လက်ရှိလုပ်ကိုင်နေသည် ကုမ္ပဏီ၏ ထောက်ခံချက်နှင့် ကိုရီးယားဘာသာစကား တတ်ကျွမ်းမှု ရမှတ် ၂၀၀ နှင့်ထက်ရရှိသူ၊ ကိုရီးယားနိုင်ငံအတွင်း၌ နေထိုင်ပြီး ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ဖူးခြင်းမရှိသူ စသည့်သတ်မှက်ချက်များဖြင့် ကိုက်ညီရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကိုရီးယားနိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အို များပြားလာခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်နိုင်သူ နည်းပါးလာခြင်း အခြေအနေတို့ကြောင့် နယ်မြို့ ၆၆ မြို့တွင် နိုင်ငံခြားသားများအတွက် ရည်ရွယ်၌ Regional-Specialized Visa (F-2-R) ကို လျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို https://www.hikorea.go.kr/Man.pt တွင် လေ့လာနိုင်ပါကြောင်း အသိပေးအပ်သည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

Most Read

Most Recent