အမျိုးသားအားကစားပွဲတော်ကာလအတွင်း လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန် နစက ဒုတိယဥက္ကဋ္ဌ ပြောကြား 

အမျိုးသားအားကစားပွဲတော်ကာလအတွင်း လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန် နစက ဒုတိယဥက္ကဋ္ဌ ပြောကြား 
Published 29 June 2024

 

          အမျိုးသားအားကစားပွဲတော်ကာလအ တွင်း လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးအ တွက် အလေးထားဆောင်ရွက်ကြရန် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက ပြောကြားသည်။

          ၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ဇွန် ၂၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားက စားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအ စည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး အမျိုးသား အားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြော ကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

          အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော် မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင် စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအ ကြီးအကဲများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

          အားကစား၏ ရည်မှန်းချက်သည် တစ် မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုကို ရှေးရှုသည် ဆိုသော်လည်း ယခုအခါ အားကစားသည် တစ်ဦးချင်းယှဉ်ပြိုင်ရသည့်  ပြိုင်ပွဲမှသည် လူ ပေါင်းရာထောင်ချီပါဝင်သည့် ပြိုင်ပွဲများ၊ ကျေးလက်အဆင့် အားကစား ပြိုင်ပွဲများမှ သည် ကမ္ဘာနှင့်ချီသည့် အိုလံပစ်ပြိုင်ပွဲများအ ထိ ကျင်းပလျက်ရှိနေပြီး အားကစား အောင် မြင်မှုသည် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတ ကာအလယ်တွင် ထည်ဝါခန့်ညားစေ ခြင်းဖြစ်သည့်အတွက် “အားကစားပြိုင်ပွဲများ ကို လက်နက်မပါသောတိုက်ပွဲများ”ဟု တင် စားလာနေကြပြီဖြစ်ကြောင်း နစက ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အားကစား အဆင့်အ တန်း မြင့်မားဖွံ့ဖြိုးတိုးတက်ရေးကို အဘက် ဘက်က အားပေးပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း ၎င်းင်းက ဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးနှင့် အမျိုးသားရေးစိတ် ဓာတ်တို့ကို ဖော်ညွှန်းသည့် (၇၅) နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့၊ မျိုးချစ်စိတ်ဓာတ်နှင့် နိုင်ငံ့အ ရေးတို့ကို ဖော်ကျူးသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကဲ့သို့ နိုင်ငံတော် အဆင့် အခမ်းအနားကြီးများကို အောင် အောင် မြင်မြင် ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့ သကဲ့သို့ ဘာသာ သာသနာတော်နှင့်စပ်လျဉ်း ၍လည်း မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုကိုလည်း ကမ္ဘာသိ ကျက်သရေမင်္ဂလာနှင့် တင့်တယ်သော ဂုဏ် ထူးဝိသေသများနှင့်အတူ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ တစ် မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းသော မျိုးဆက်သစ် ပညာတတ် လူငယ်လူရွယ်များ အနာဂတ်နိုင်ငံတော်တွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် တစ် မျိုးသားလုံးနှင့် သက်ဆိုင်သည့်  အမျိုးသား အားကစားပွဲတော်ကြီးကိုလည်း ယခင်ကျင်းပ ခဲ့သည့် နိုင်ငံတော်အဆင့် အခမ်းအနားများ နည်းတူ ခမ်းနားထည်ဝါစွာ ကျင်းပရန် နိုင်ငံ တော်အကြီးအကဲက လမ်းညွှန်ထားသည့် အတွက် ယခုအစည်းအဝေးကို တက်ရောက် လာကြသည့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မ တီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ ကသက်ဆိုင်ရာကဏ္ဍအလိုက် ၀ိုင်းဝန်းကြိုး ပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

          ထို့ပြင် ပြိုင်ပွဲတစ်ခုလုံးနှင့် ပတ်သက် သည့်  ကုန်ကျစရိတ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအ နား၊ ပြိုင်ပွဲပုံစံ၊ ပြိုင်ပွဲအားကစားနည်းများနှင့် အထိမ်းအမှတ်အရုပ် သတ်မှတ်ရေး စသည့် ကိစ္စရပ်များကို ယခုအစည်းအဝေးတွင် ဆွေး နွေးသွားကြရန်လိုကြောင်း၊ အလားတူ အမျိုး သားအားကစားပွဲတော်တွင် မသန်စွမ်း အား ကစား ပြိုင်ပွဲများနှင့် ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသူများကို ဆုချီးမြှင့်ရာတွင် ဆု တံဆိပ်အပြင် နိုင်ငံတကာ အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတွင် ပေးအပ်လေ့ရှိ သည့် လာဘ်ကောင် (Mascot) ကို ပူးတွဲ ပေးအပ်နိုင်ရေးတို့ကိုလည်း မူအနေဖြင့် ရရှိ ပြီးဖြစ်၍ ဆွေးနွေးပေးကြရန် နစက ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

          ထို့ပြင် ယခုကျင်းပမည့် အမျိုးသား အား ကစားပွဲတော်သည် နိုင်ငံ့ဂုဏ်ဆောင် မျိုး ဆက်သစ်အားကစားသမားများ ပေါ်ထွက် လာရေး ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သည့်အ တွက် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား များအနေဖြင့် ချမှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်၊ အသက်ကန့်သတ်ချက်နှင့် အားကစား နည်းစနစ်များကို အသေးစိတ် လေ့လာပြင်ဆင်ဆောင်ရွက်ကြရန်လည်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။            

ပြိုင်ပွဲများ ယှဉ်ပြိုင်သည့်အခါ အားက စားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ပြီးအောင် မြင်မှုများ ရရှိအောင် ကြိုးစားဆောင်ရွက်သွား ရန်နှင့် ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်း ဒေသကြီး ကိုယ်စားပြုအသင်းများမှ တာဝန် ရှိသူများကလည်း အားကစားနည်းများအ လိုက် စနစ်တကျလေ့ကျင့်ပေးရန် လိုကြောင်း၊ အလားတူပြိုင်ပွဲများကို ကြီးကြပ်ဆောင်ရွက် ကြမည့် ဒိုင်၊ ဂျူရီများအနေဖြင့် ဘက်လိုက်မှု ကင်းကင်းနှင့် တရားမျှတစွာ ဆုံးဖြတ်ဆောင် ရွက်ကြရန်၊ အားကစားပြိုင်ပွဲများ ပြိုင်ဆိုင်မှု ပြင်းထန်သည့်အတွက် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာပါက ခုံသမာဓိ အဖွဲ့များက စနစ်တကျကြီးကြပ်ဆုံးဖြတ်နိုင် ရေး စီမံဆောင်ရွက်ထားကြရန်လည်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပနေဆဲကာလအတွင်း လုံခြုံရေးကျိုး ပေါက်မှု မရှိစေရေးသည် အရေးကြီးဆုံးဖြစ် သည့်အတွက် အားလုံးက လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် အလေးထားလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲကာ လအတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား သမားများ တည်းခိုကြမည့် နေရာများတွင် စနစ်တကျရှိစေရေး၊  စိတ်အေးချမ်းသာစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ နေထိုင်စားသောက် ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ ဆောင်ရေး စသည့်ကိစ္စရပ်များတွင် ဆပ် ကော်မတီအလိုက် တာဝန်ရှိသူများက အ သေးစိတ်စီမံဆောင်ရွက်သွားကြရန် နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent