ဂါဇာစီးတီးရှိ ရှူဂျိုင်ယာခရိုင်၌ လေးရက်မြောက်နေ့တွင် ပြင်းထန်သော တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အစ္စရေးစစ်သားများသည် ခက်ခဲသောတိုက်ပွဲကို တိုက်ခိုက်နေရသည်ဟု ဝန်ကြီးချုပ်နေတန်ယာဟုပြောကြား

ဂါဇာစီးတီးရှိ ရှူဂျိုင်ယာခရိုင်၌ လေးရက်မြောက်နေ့တွင် ပြင်းထန်သော တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အစ္စရေးစစ်သားများသည် ခက်ခဲသောတိုက်ပွဲကို တိုက်ခိုက်နေရသည်ဟု ဝန်ကြီးချုပ်နေတန်ယာဟုပြောကြား
ပျက်စီးနေသော အဆောက်အအုံများရှိရာ ခန်းယူနစ်သို့ပြန်လာကြသော ပါလက်စတိုင်းသားများကို ဇွန် ၃၀ ရက်တွင်တွေ့ရစဉ်(Photo:AFP)
ပျက်စီးနေသော အဆောက်အအုံများရှိရာ ခန်းယူနစ်သို့ပြန်လာကြသော ပါလက်စတိုင်းသားများကို ဇွန် ၃၀ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 1 July 2024

ဂါဇာစီးတီး၏ ရှူဂျိုင်ယာခရိုင်၌ ဇွန် ၃၀ ရက်တွင် စတုတ္ထမြောက်နေ့အဖြစ် ပြင်းထန်သော တိုက်ပွဲများ နှင့်ဗုံးကြဲမှုများ ရှိခဲ့သည်ဟုသိရပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ၎င်း၏တပ်ဖွဲ့များသည် ခက်ခဲသော တိုက်ပွဲတွင် တိုက်ခိုက်နေကြသည်ဟု ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်းစစ်သွေးကြွများကို လိုဏ်ခေါင်း များထဲတွင် မြေပေါ်မြေအောက်တိုက်ခိုက်နေသည်ဟုဆိုသော ရှူဂျိုင်ယာခရိုင်မှ ပါလက်စတိုင်းသား ထောင် ပေါင်းများစွာ ထွက်ပြေးခဲ့ကြသည်။

ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးတို့အတွက် ရပ်လိုက်ပြန်စလိုက် ဆွေးနွေးပွဲများကို လချီလုပ်ဆောင်ခဲ့သော်လည်း တိုးတက်မှု အနည်းငယ်သာရရှိခဲ့သည်။ ကြားဝင်ဆောင်ရွက်ပေးနေသော အမေရိကန်ဘက်က တင်ပြလာသည့် ပြန်လည်ပြင်ဆင်ထားသော အစီအမံတွင် အသစ်အဆန်းပါမလာကြောင်း ဇွန် ၂၉ ရက်တွင် ဟားမာ့စ်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော စစ်ပွဲ၏ပြင်းထန်အဆင့်သည် အဆုံးသတ်ရန် နီးစပ်နေပြီဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့ပြီး တစ်ပတ်အကြာတွင် အစ္စရေးစစ်တပ်သည် ဂါဇာအလယ်ပိုင်းနှင့်ရာဖာတောင်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဆိုသည်။

ရှူဂျိုင်ယာခရိုင်တွင် တိုက်ပွဲသစ်များ ဇွန် ၂၅ ရက်တွင် ဖြစ်ပွားပြီးကတည်းက ယင်းခရိုင်မှ စစ်ဘေးရှောင်လာသူ အရေအတွက်သည် ၆၀,၀၀၀ မှ ၈၀,၀၀၀ အထိရှိသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ အေဂျင်စီ OCHA က ခန့်မှန်းထားသည်။ အစ္စရေး စစ်တပ်ကလည်း စစ်ဘေးရှောင်ရန် အမိန့်များ ထုတ်ပြန်ထားသည်။

တိုက်ပွဲများအကြားတွင် ပိတ်မိနေသူများ၏ အသက်သည် အလွန်အန္တရာယ်များနေသည်ဟု ရှူဂျိုင်ယာတွင် နေထိုင်သူ ဆီဟမ်အယ်လ်ရှာဝါက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများသည် မည်သည့်နေရာတွင်မဆို ဖြစ်ပွားလာနိုင်သောကြောင့် လူများသည် ပိတ်မိနေသည်ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ပစ်ခတ်ခံနေရချိန်တွင် လူများသည် ရှူဂျိုင်ယာမှ ထွက်ခွာရန် ခက်ခဲနေသည်ဟု ဆိုသည်။

“အကာအကွယ်ရဖို့ ကျွန်မတို့ဘယ်နေရာကို သွားရမလဲဆိုတာ မသိတော့ပါဘူး” ဟု ၎င်းက ပြောသည်။

အစ္စရေးစစ်သားများသည် ရာဖာ၊ ရှူဂျိုင်ယာ၊ ဂါဇာကမ်းမြောင်ရှိ နေရာတိုင်းတွင် စစ်ဆင်ရေးလုပ်နေသည်ဟု ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။

“ဒါဟာ မြေပြင်ပေါ်မှာဖြစ်ပွားနေတဲ့ ခက်ခဲတဲ့တိုက်ပွဲဖြစ်ပါတယ်။ တစ်ခါတစ်ခါမှာ လက်တစ်ကမ်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မြေအောက်မှာလည်းဖြစ်နေပါတယ်”ဟု နေတန်ယာဟုက ပြောကြားထားကြောင်း ၎င်း၏ရုံးက ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်ရေးသမား ဒါဇင်ချီပြီး နေ့စဉ်သေဆုံးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။

ဟားမာ့စ်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့သော ဂါဇာစစ်ပွဲတွင် အစ္စရေးက ပြင်းပြင်းထန်ထန်ထိုး စစ်ဆင်နေသဖြင့် ဂါဇာ၌ အနည်းဆုံးလူ ၃၇,၈၇၇ ဦးသေဆုံးခဲ့သည်ဟု ဟားမာ့စ်အုပ် ချုပ်နေသော ဂါဇာရှိကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Ref:AFP           

Most Read

Most Recent