အင်္ဂလန်ပွဲကိုကြည့်ပါက ကျန်းမာရေးထိခိုက်နိုင်ဟု ထိပ်တန်းနှလုံးအထူးကု သတိပေး

အင်္ဂလန်ပွဲကိုကြည့်ပါက ကျန်းမာရေးထိခိုက်နိုင်ဟု ထိပ်တန်းနှလုံးအထူးကု သတိပေး
Photo : Getty Images
Photo : Getty Images
Published 4 July 2024

ယူရို ၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း၏ပွဲစဉ်များကို ကြည့်ရှုအားပေးသည့် ပရိသတ်များအနေဖြင့် ကျန်းမာရေး ဆိုးဆိုးရွားရွားထိခိုက်နိုင်ကြောင်း ဗြိတိန်ထိပ်သီး နှလုံးအထူးကုသမားတော်တစ်ဦးက သတိပေးပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားနေသော်လည်း ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။

ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်တွင်လည်း အင်္ဂလန်အသင်းသည် ဆလိုဗက်ကီးယားကို (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပြီး (၉၀+၅)မိနစ်တွင် ဘယ်လင်ဟမ်က ချေပဂိုးသွင်းကာ အချိန်ပိုရောက်မှ အနိုင်ရခဲ့ခြင်းဖြစ်သည်။

နာမည်နှလုံးအထူးကုသမားတော် ဒက်ဂ်မိုးက "အင်္ဂလန်ပွဲတွေကို ကြည့်တာက ကျန်းမာရေးကိုဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဆောက်ဂိတ်က ခံစစ်ကစားတာကြောင့် ပရိသတ်တွေ စိတ်တိုရ၊ ဒေါသထွက်ရပြီး ဒါက နှလုံးအတွက် မကောင်းပါဘူး။ ပရိသတ်တွေအနေနဲ့ ခြေစွမ်းမပြနိုင်တဲ့ အင်္ဂလန်ကစားသမားတွေကြောင့် ဒေါသထွက်ရပြီး ဒါက နှလုံးကိုဆိုးရွားစွာထိ ခိုက်စေပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent