■ နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်

■ နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်
Photo: Italy Team
Photo: Italy Team
Published 4 June 2024

♦ အီတလီ - တူရကီ (မြန်မာစံတော်ချိန် ဇွန်လ ၅ ရက် နံနက် ၁း၃၀ နာရီ)

အီတလီလက်ရွေးစင်အသင်းနည်းပြ စပယ်လက်တီက သူ့ရဲ့အသင်း လူစာရင်းမှာ အာချာဘီနဲ့ အူဒိုဂီကို ဒဏ်ရာကြောင့် ချန်လှပ်ခဲ့သလို၊ ဘယ်ရာဒီ၊ ဇာနီယိုလိုတို့လို ကစားသမားကောင်းတွေကိုလည်း မရွေးခဲ့ဘူး။ လက်ရှိအသင်းက အင်အားတောင့်တင်းဆဲအသင်းဆိုပေမဲ့ ကစားသမားကောင်းတချို့ကျန်ခဲ့တာ နစ်နာပါတယ်။ တူရကီအသင်းမှာ စီးရီးအေကစားသမားတွေဖြစ်တဲ့ ချလစ်စ်နဲ့ အသင်းခေါင်းဆောင် ချာဟာနိုဂလူးတို့ ပါဝင်သလို၊ အခြားထိပ်တန်းကစားသမားတွေ လည်း ရှိနေတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ တူရကီ ရလဒ်ဆိုးနေပြီး အီတလီကတော့ တောင်အမေရိကနှစ်သင်းကို အနိုင်ယူကာ ခြေစွာနေတာကို တွေ့ရတယ်။ ဒီပွဲလည်း အီတလီပဲ နိုင်လိိမ့်မယ်။

♦ ပေါ်တူဂီ - ဖင်လန်(မြန်မာစံတော်ချိန် ဇွန်လ ၅ ရက် နံနက် ၁း၁၅ နာရီ)

ပေါ်တူဂီအတွက် ဖင်လန်က ပြိုင်ဘက်အဆင့် မဟုတ်ပါဘူး။ ဒါပေမဲ့ ဖင်လန်က စုဖွဲ့မှုကောင်းပြီး မာကျောတဲ့အသင်းတစ်သင်းပါ။ ပေါ်တူဂီ သတိထားပြီး ကစားရလိမ့်မယ်။ နိုင်ပွဲယူဖို့တော့ မခက်ဘူး။

♦ သြစတြီးယား - ဆားဘီးယား(မြန်မာစံတော်ချိန် ဇွန်လ ၅ ရက် နံနက် ၁း၁၅ နာရီ)

ရန်းညက်ရဲ့သြစတြီးယားအသင်းက မယုံနိုင်စရာရလဒ်တွေနဲ့ ရှေ့ဆက်နေတာကို တွေ့ရတယ်။ ဆားဘီးယားကလည်း အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ သြစတြီးယားရဲ့တိုက်စစ်နဲ့ ခြေစွမ်းကို မမီပါဘူး။ သြစတြီးယားပဲ ကြိုက်တယ်။

♦ ဆွစ်ဇာလန် - အက်စ်တိုးနီးယား(မြန်မာစံတော်ချိန် ဇွန်လ ၅ ရက် နံနက် ၁း၁၅ နာရီ)

အက်စ်တိုးနီးယားက အရင်လောက် မမာကျောတော့ဘဲ ရလဒ်တွေ ကျဆင်းနေတယ်။ ဆွစ်ဇာလန်အတွက် ပြိုင်ဘက်အဆင့် မဟုတ်ပါဘူး။ ဆွစ်ဇာလန်ပဲ နိုင်မယ်။

♦ အခြားပွဲစဉ်များ

ဆလိုဗေးနီးယား - အာမေးနီးယား (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် ည ၁ဝး၃၀ နာရီ)

ရိုမေးနီးယား - ဘူလ်ဂေးရီးယား (မြန်မာစံတော်ချိန် ဇွန်လ ၅ ရက် နံနက် ၁းဝ၀ နာရီ)

အိုင်ယာလန် - ဟန်ဂေရီ (မြန်မာစံတော်ချိန် ဇွန်လ ၅ ရက် နံနက် ၁း၁၅ နာရီ)

Most Read

Most Recent