777 Partners ကုမ္ပဏီထံ ရောင်းချမည့်အစီအစဉ် ပျက်ပြယ်သွားခြင်းကြောင့် ဝယ်ယူမည့်ကုမ္ပဏီအသစ်ကို အဲဗာတန်အသင်း အပူတပြင်းရှာဖွေနေရ

777 Partners ကုမ္ပဏီထံ ရောင်းချမည့်အစီအစဉ် ပျက်ပြယ်သွားခြင်းကြောင့် ဝယ်ယူမည့်ကုမ္ပဏီအသစ်ကို အဲဗာတန်အသင်း အပူတပြင်းရှာဖွေနေရ
Photo: Getty Images
Photo: Getty Images
Published 3 June 2024

 

အဲဗာတန်အသင်းသည် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်သည့် 777 Partners ထံ အသင်းအား ရောင်းချမည့်အစီအစဉ် ပျက်ပြယ်သွားခြင်းကြောင့် ဝယ်ယူမည့် ကုမ္ပဏီအသစ်ကို အပူတပြင်းရှာဖွေနေရကြောင်း သိရသည်။

အဲဗာတန်အသင်းသည် လက်ရှိ အချိန်၌ ဖာဟက်မိုရှီရီ၏ ပိုင်ဆိုင်မှုအောက်တွင် ရှိနေပြီး ၎င်း၏ Blue Heaven holdings ကုမ္ပဏီသည် အဲဗာတန်အသင်း၏ ရှယ်ယာများကို ရောင်းချရန်အတွက် 777 Partners ကုမ္ပဏီနှင့် ကာလရှည်ဆွေးနွေးနေခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ၌ အသင်း၏ရှယ်ယာ(၉၄.၁%)ကို ရောင်းချရန် သဘောတူညီမှုရရှိခဲ့သော်လည်း ပရီးမီးယားလိဂ်၏ သတ်မှတ်ချက်နှင့်အညီ ဝယ်ယူမည့်ငွေကြေးကို အချိန်မီ ပြသနိုင်ခြင်းမရှိသည့်အတွက် အရောင်းအဝယ်ပျက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းတို့၏ သဘောတူညီချက်၌ မေ(၃၁)နောက်ဆုံးထား၍ အရောင်းအဝယ်ဆောင်ရွက်ရန် သတ်မှတ်ထားခဲ့သော်လည်း 777 Partners ကုမ္ပဏီက ယင်းနေ့အမီ ဝယ်ယူနိုင်ခြင်းမရှိသောကြာင့် အရောင်းအဝယ်ကိစ္စ အဆုံးသတ်သွားခြင်းဖြစ်ကြောင်း အဲဗာတန်အသင်းက  ကြေညာချက်ထုတ်ပြန်ကာ ပရိသတ်များကို အသိပေးခဲ့သည်။ 

အဲဗာတန်အသင်းသည် ဘဏ္ဍာရေးပြဿနာနှင့် ရင်ဆို်င်နေရသည့်အသင်းဖြစ်သောကြောင့် ဝယ်ယူမည့် ကုမ္ပဏီအသစ် (သို့မဟုတ်) ငွေကြေး အကူအညီပေးနိုင်မည့် မိတ်ဖက်ကို အမြန်ဆုံးရှာဖွေနိုင်ရန် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။ အဲဗာတန်အ သင်းသည် ပြီးခဲ့သည့်ရာသီ၌ ဘဏ္ဍာရေးပြဿနာကြောင့် အမှတ်လျှော့ပြစ်ဒဏ် (၂)ကြိမ် ချမှတ်ခံရပြီး တန်းမဆင်းရရန် ရုန်းကန်ခဲ့ရသည်။

Most Read

Most Recent