■ ၂၀၂၅ တွင် မန်စီးတီးမှ ထွက်ခွာနိုင်ဖွယ်ရှိဟု ဂွါဒီယိုလာ ဆိုခဲ့ပြီးနောက် အနာဂတ်နှင့်ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ရက်သတ်မှတ်ရန် မန်စီးတီးအသင်း စီစဉ်

■ ၂၀၂၅ တွင် မန်စီးတီးမှ ထွက်ခွာနိုင်ဖွယ်ရှိဟု ဂွါဒီယိုလာ ဆိုခဲ့ပြီးနောက် အနာဂတ်နှင့်ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ရက်သတ်မှတ်ရန် မန်စီးတီးအသင်း စီစဉ်
Published 31 May 2024

မန်စီးတီးအသင်းသည် ၎င်းတို့အသင်းနည်းပြ ဂွါဒီယိုလာအား အသင်းတွင် ဆက်ရှိ၊ မရှိ အခြေအနေနှင့် ပတ်သက်၍ နောက်ဆုံးဆုံဖြတ်ရက် သတ်မှတ်ရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    

ဂွါဒီယိုလာသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မန်စီးတီးအသင်းနှင့် ၂၀၂၄-၂၅ ရာသီကုန်တွင် လမ်းခွဲဖွယ်ရှိသည်ဟု ဆိုခဲ့ပြီးနောက် မန်စီးတီးအသင်းက ၎င်းထွက်ခွာမည်ဆိုပါက လုပ်စရာရှိသည်များကို ကြိုတင်လုပ်ဆောင်ရန်အတွက် အတိအကျ ဆုံးဖြတ်ချက် ချစေလိုခြင်းလည်းဖြစ်သည်။ 

ဂွါဒီယိုလာသည် မန်စီးတီးအသင်းထံသို့ ၂၀၁၆ ခုနှစ်က ရောက်ရှိလာခဲ့ပြီးနောက် ကလပ်အသင်းကို အင်္ဂလန်တွင်သာမက၊ ဥရောပအဆင့်တွင်ပါ သြဇာကြီးမားသည့် အသင်းတစ်သင်းအဖြစ် တည်ဆောက်နိုင်ခဲ့ပြီး သူ၏လက်ထက်တွင် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ဖလား (၆) လုံးအပါအဝင် စုစုပေါင်းဆုဖလား (၁၅) လုံးအထိ ရယူနိုင်ခဲ့သည်။

    

ယခုအချိန်တွင်မူ ဂွါဒီီယိုလာက အနာဂတ်နှင့်ပတ်သက်၍ မရေမရာအခြေအနေကို ပြောဆိုလာခဲ့ပြီးသည့်နောက် မန်စီးတီးအသင်းက ထွက်ခွာခြင်း ပြု၊ မပြုကို အတိအကျ ဆုံးဖြတ်ပေးရန် လိုလားနေခြင်းဖြစ်ပြီး ၂၀၂၄  နှစ်ကုန်အထိ မရောက်ရှိစေဘဲ ဆုံးဖြတ်ပေးစေလိုနေသည်ဟုလည်း သိရှိရသည်။ 

Most Read

Most Recent