ပါရီအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ၏ လက်ကျန်ဝင်ခွင့် တစ်နေရာကို ဂီနီအသင်းရရှိပြီး အသင်းအားလုံး စုံလင်စွာထွက်ပေါ်

ပါရီအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ၏ လက်ကျန်ဝင်ခွင့် တစ်နေရာကို ဂီနီအသင်းရရှိပြီး အသင်းအားလုံး စုံလင်စွာထွက်ပေါ်
Photo: The Athletic
Photo: The Athletic
Published 11 May 2024

 

၂၀၂၄ ပါရီအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ၏ လက်ကျန်ဝင်ခွင့်တစ်နေရာကို ဂီနီ အသင်းရရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်သည့် အသင်းအားလုံး စုံလင်စွာထွက်ပေါ်လာပြီ ဖြစ်ကြောင်း သိရသည်။

လက်ကျန်ဝင်ခွင့် နောက်ဆုံးတစ်နေရာ ဖြစ်သည့် အာရှ-အာဖရိက Play-off ပွဲစဉ်ကို မေ ၉ ရက်က ပြင်သစ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ ဂီနီအသင်းက အင်ဒိုနီးရှားအသင်း ကို (၁-၀) ဂိုးဖြင့် အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ 

အာရှဇုန်နှင့် အာဖရိကဇုန်မှာ ပါရီအိုလံပစ်ပြိုင်ပွဲအတွက် ဝင်ခွင့် ၃ ဒသမ ၅ နေရာစီရရှိထားပြီး ၂၀၂၃ အာဖရိကနိုင်ငံများဖလား ယူ-၂၃ ပြိုင်ပွဲ၌ စတုတ္ထရရှိခဲ့သည့် ဂီနီအသင်းနှင့် ၂၀၂၄ အာရှဖလား ယူ-၂၃ ပြိုင်ပွဲ၌ စတုတ္ထရရှိခဲ့သည့် အင်ဒိုနီးရှားအသင်း တို့ Play-off ကစားခဲ့ရခြင်းဖြစ်သည်။

သို့ဖြစ်ရာ ခြေစစ်ပွဲအောင်မြင်သည့် အသင်းအားလုံး ထွက်ပေါ်လာပြီဖြစ်ပြီး အုပ်စု (A) တွင် အိမ်ရှင်ပြင်သစ်၊ အမေရိကန်၊ ဂီနီ၊ နယူးဇီလန်၊ အုပ်စု (B) တွင် အာဂျင်တီးနား၊ မော်ရိုကို၊ အီရတ်၊ ယူကရိန်း၊ အုပ်စု (C) တွင် ဥဇဘက်ကစ္စတန်၊ စပိန်၊ အီဂျစ်၊ ဒိုမီနီ ကန်၊ အုပ်စု (D)  တွင် ဂျပန်၊ ပါရာဂွေး၊ မာလီ၊ အစ္စရေးအသင်းတို့ ပါဝင်နေသည်။

Most Read

Most Recent