ဘာတွေမျှော်လင့်နိုင်မလဲ ဝက်စ်ဟမ်း

ဘာတွေမျှော်လင့်နိုင်မလဲ ဝက်စ်ဟမ်း
Photos: West Ham Facebook
Photos: West Ham Facebook
Published 7 August 2024
Phoe Thar

ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် (၂၈)ရာသီယှဉ်ပြိုင်ဖူးတဲ့ အတွေ့အကြုံရင့် အသင်းတစ်သင်း၊ ပရိသတ်အခိုင်အမာရှိထားပြီး ဥရောပပွဲတွေ နွှဲတဲ့အထိ မာကျောခဲ့တဲ့အသင်းတစ်သင်းဆိုပေမယ့် ဆုဖလားတွေနဲ့ တော့ဆယ်စုနှစ်တွေကြာအောင်ဝေးကွာခဲ့ရတာပါ။ ဒါဟာ ဝက်စ်ဟမ်းလို သာမန်အဆင့်အသင်းတစ်သင်းအတွက် ထူးခြားမှုမဟုတ်ဘူးဆိုရင်တောင် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် (ယခင်ဥရောပါဖလား)ဝင်ခွင့် တစ်ကြိမ်တောင်မရခဲ့ဖူးတဲ့  သမိုင်းမှတ်တမ်းက အသင်းနဲ့သက်ဆိုင်သူအားလုံးအတွက် ခံပြင်းစရာဖြစ်စေမှာပါ။ ဒီအတွက်လည်း ဝက်စ်ဟမ်းအသင်းဟာ အသင်းရဲ့အကောင်းဆုံး အခြေအနေလို့ဆိုရမယ့် လက်ရှိအချိန်မှာ အနာဂတ်အတွက် ကြီးမားတဲ့အပြောင်းအလဲတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို စဉ်ဆက်မပြတ်ပြုလုပ်နေတာဖြစ်ပြီး လာမယ့်ရာသီဝက်စ်ဟမ်းအသင်းရဲ့အဓိက ကျဆုံးပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်လာပါလိမ့်မယ်။

 

ရာသီသစ်စတင်ဖို့ နီးကပ်လာတာနဲ့အမျှ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ကစားသမားအပြောင်းအရွှေ့စျေးကွက်လှုပ်ရှားမှုတွေက အရှိန်အဟုန်ပိုပြင်းလာခဲ့တယ်။ ရည်မှန်းချက်ကိုယ်စီ၊ ပန်းတိုင်ကိုယ်စီအတွက် အကောင်းဆုံးသောအင်အားဖြည့်တင်းမှုတွေ အပြိုင်လုပ်ဆောင်နေသလို၊ ဘယ်အသင်းတွေက ဘယ်လိုကစားသမားတွေကို ခေါ်ယူထားပြီး ဘယ်လောက်အထိ မျှော်လင့်ချက်ထားနိုင်မလဲဆိုတဲ့ မေးခွန်းကလည်း ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ အထူးသဖြင့် ထိပ်တန်းကလပ် အသင်းကြီးတွေရဲ့ ကစားသမားခေါ်ယူမှုတွေထက်၊ သာမန်ဖျက်မျဉ်းအသင်းတွေရဲ့ ကစားသမားကောင်းတွေအလုံးအရင်း ခေါ်ယူနေမှုက စိတ်ဝင်စားစရာပိုကောင်းနေပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ နောက်ထပ် Underdog အသင်းတစ်သင်း ထွက်ပေါ်လာဦးမလားဆိုတာ စောင့်ကြည့်ရင်ခုန်ရဦးမှာပါ။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ နွေစျေးကွက်လှုပ်ရှားမှုတွေထဲမှာ ပရိသတ်အာရုံစိုက်ခံနေရတဲ့အသင်းနှစ်သင်းက အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းတို့ပါပဲ။ ဒီအထဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားလို့ ကစားသမားကောင်းများစွာခေါ်ယူနေတဲ့ အက်စတွန်ဗီလာ ထက် ဥရောပဝင်ခွင့်နဲ့လွဲချော်ထားသလို၊ ဆုဖလားတွေအတွက်လည်း ရေပန်းမစားတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ကစားသမားအင်အားဖြည့်မှုတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

ဒီဘက်နောက်ပိုင်းရာသီတွေမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဥရောပဝင်ခွင့်အားပြိုင်မှုက ချန်ပီယံတိုက်ပွဲနည်းတူ စိတ်လှုပ်ရှားစရာပိုကောင်းလာခဲ့ပြီး ကလပ်အသင်းတွေအကြား ကစားသမားအင်အားကွာခြားမှု နည်းပါးလာခြင်းနဲ့အတူ တချို့သော အသင်းကြီးတွေအတွက် ဆုဖလားဆိုတာထက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက်တောင် ခက်ခဲလွန်းတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ အနီးစပ်ဆုံးပြန်ကြည့်ရင် ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ စပါး၊ ချယ်လ်ဆီး၊ နယူးကာဆယ်နဲ့ မန်ယူအသင်းတွေကိုကျော်ဖြတ်ပြီး အက်စတွန်ဗီလာအသင်းချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့သလို၊ ၂၀၂၂-၂၃ ရာသီမှာလည်း လီဗာပူးလ်၊ စပါး၊ ချယ်လ်ဆီး အသင်းတွေကိုကျော်ဖြတ်ပြီး နယူးကာဆယ်အသင်းချန်ပီယံလိဂ်ဝင်ခွင့်ရယူခဲ့တာ၊ ဘရိုက်တန်အသင်း အဆင့် (၆)နေရာနဲ့ ယူရိုပါ လိဂ်ဝင်ခွင့်ရခဲ့တာတွေက အကောင်းဆုံးသက်သေပါပဲ။ ဒါကြောင့်လည်း ဝက်စ်ဟမ်းအသင်းရဲ့ ကစားသမားသစ်ခေါ် ယူ မှုတွေအပေါ် ပရိသတ်အာရုံပိုစိုက်နေမိတာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ရာသီသစ် ဥရောပဝင်ခွင့်တိုက်ပွဲကတော့ ပြီးခဲ့တဲ့ရာသီတွေက ထက်ပိုမိုအားကောင်းလာဖို့ ရှိနေတာသေချာပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် (၂၈)ရာသီယှဉ်ပြိုင်ဖူးတဲ့ အတွေ့အကြုံရင့် အသင်းတစ်သင်း၊ ပရိသတ်အခိုင်အမာရှိထားပြီး ဥရောပပွဲတွေ နွှဲတဲ့အထိ မာကျောခဲ့တဲ့အသင်းတစ်သင်းဆိုပေမယ့် ဆုဖလားတွေနဲ့ တော့ဆယ်စုနှစ်တွေကြာအောင်ဝေးကွာခဲ့ရတာပါ။ ဒါဟာ ဝက်စ်ဟမ်းလို သာမန်အဆင့်အသင်းတစ်သင်းအတွက် ထူးခြားမှုမဟုတ်ဘူးဆိုရင်တောင် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် (ယခင်ဥရောပါဖလား)ဝင်ခွင့် တစ်ကြိမ်တောင်မရခဲ့ဖူးတဲ့  သမိုင်းမှတ်တမ်းက အသင်းနဲ့သက်ဆိုင်သူအားလုံးအတွက် ခံပြင်းစရာဖြစ်စေမှာပါ။ ဒီအတွက်လည်း ဝက်စ်ဟမ်းအသင်းဟာ အသင်းရဲ့အကောင်းဆုံး အခြေအနေလို့ဆိုရမယ့် လက်ရှိအချိန်မှာ အနာဂတ်အတွက် ကြီးမားတဲ့အပြောင်းအလဲတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို စဉ်ဆက်မပြတ်ပြုလုပ်နေတာဖြစ်ပြီး လာမယ့်ရာသီဝက်စ်ဟမ်းအသင်းရဲ့အဓိက ကျဆုံးပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်လာပါလိမ့်မယ်။

ဝက်စ်ဟမ်းအသင်းအတွက် အားရစရာဖြစ်စေခဲ့တာက ပြီးခဲ့တဲ့နောက်ဆုံး (၃)ရာသီအသင်းရဲ့စွမ်းဆောင်ရည်မှတ်တမ်းကောင်းတွေဖြစ်ပြီး ၂၀၂၁-၂၂ ရာသီမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်၊ ၂၀၂၂-၂၃ ရာသီမှာ ယူရိုပါကွန်းဖရန့်လိဂ်ချန်ပီယံဆုနဲ့ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် အဆင့်တွေဆီရောက်ရှိခဲ့တာက အသင်းအတွက်တွန်းအားဖြစ်စေခဲ့ပုံပါပဲ။ ဝက်စ်ဟမ်းအသင်းဟာ လက်ရှိနွေစျေးကွက်အတွင်း ဘရာဇီးလ်တောင်ပံကစားသမား ဂူလ်ဟာမီ၊ အင်္ဂလန်နောက်ခံလူ ကေလ်မန်းနဲ့ ဒတ်ချ်တောင်ပံကစား ဆမ်မာဗီလီတို့အပါဝင် ကစားသမား (၅)ဦးခေါ်ယူထားပြီး ပေါင် (၈၆)သန်းအထိအသုံး ပြုထားတာ တွေ့ရပါတယ်။ ဒါ့ပြင် လက်ရှိအချိန်မှာလည်း ဂျာမနီတိုက်စစ်မှူး ဖယ်ခု၊ အာဂျင်တီးနားကွင်းလယ်လူ ဂိုင်ဒိုရိုဒရီဂွက်ဇ်တို့ကိုခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်သလို မန်ယူအသင်းရဲ့ အင်္ဂလန်နောက်ခံလူ ဘစ်ဆာကာကို ခေါ်ယူနိုင်ဖို့ အတွက်လည်း နီးစပ်နေပြီလို့သိရပါတယ်။ ဒါ့ပြင် ကစားသမား ထွက်ခွာမှုကိုကြည့်ရင်လည်း အဓိကကျတဲ့ကစားသမားတွေ မပါဝင်သေးလို့ ရှိရင်းစွဲကစားသမားတွေဖြစ်တဲ့ အန်တိုနီယို၊ ဘိုဝမ်၊ ဆူချက်၊ ကူဒက်စ်၊ ပါကေတာ၊ ဝက်ဒ်ပရောက်စ်၊ ဇူးမား၊ ကူဖယ်လ်၊ အီမာဆန်တို့ အစုအဖွဲ့ထဲကို ကစားသမားသစ် အားလုံးသာ ရာနှုန်းပြည့်ပေါင်းစပ်နိုင်ခဲ့မယ်ဆိုရင် ဝက်စ်ဟမ်းအသင်းရဲ့ အင်အားက အသင်းကြီးတွေအတွက် အန္တရာယ်အများဆုံး ဆူးခလုတ်တစ်ခုဖြစ်လာမှာ သေချာပါတယ်။

စပိန်လူမျိုးနည်းပြ လိုပယ်တယ်ဟီရဲ့ဦးဆောင်မှုနဲ့အတူ ဝက်စ်ဟမ်းအသင်းရဲ့အနာဂတ်စီမံကိန်းတွေ၊ မျှော်လင့်ချက်တွေက စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။ သန်းပေါင်းများစွာ သောရင်းနှီးမှုတွေအကြား ဘယ်လောက်ထိခရီးရောက်မလဲဆိုတာကတော့ . . .

Most Read

Most Recent