ယူရိုနှင့် ကိုပါအမေရိကပြိုင်ပွဲဝင်ခဲ့သူများကို မန်စီးတီးအသင်း နားရက်တိုးပေးထားပြီး အမေရိကခြေစမ်းခရီးစဉ်တွင် ပါဝင်မည်မဟုတ်

ယူရိုနှင့် ကိုပါအမေရိကပြိုင်ပွဲဝင်ခဲ့သူများကို မန်စီးတီးအသင်း နားရက်တိုးပေးထားပြီး အမေရိကခြေစမ်းခရီးစဉ်တွင် ပါဝင်မည်မဟုတ်
Photo: Manchester City
Photo: Manchester City
Published 17 July 2024

 

မန်စီးတီးအသင်းသည် ယူရိုပြိုင်ပွဲနှင့် ကိုပါအမေရိကပြိုင်ပွဲဝင်ခဲ့သူများကို နားရက်တိုးပေးထားခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်တွင် ဗိုလ်လုပွဲကစားခဲ့သူများမှအပ ရှုံးထွက်အဆင့် တက်ရောက်ခဲ့သူများကို လက်ရွေးစင်အသင်း ပြိုင်ပွဲထွက်ခဲ့ရသည့်ရက်မှစကာ တစ်လတိတိ နားရက်ပေးထားခဲ့သည်။ 

ထို့ကြောင့် ဒီဘရိုင်းနား၊ ဘာနာဒိုဆေးလ်ဗား၊ ရူဘင်ဒီယက်စ်၊ ဒိုကူ၊ နာသန်အကီနှင့် အကန်ဂျီစသည့် ကစားသမားများမှာ သြဂုတ်လ ၁၀ ရက်တွင် မန်ယူ အသင်းနှင့် ကွန်မြူနတီဒိုင်းပွဲစဉ်ကစားမည့် ရက်သတ္တပတ်တွင်မှ အသင်းနှင့် ပြန်လည်ပူးပေါင်းနိုင်မည်ဖြစ်သည်။ 

ယူရိုနှင့် ကိုပါအမေရိက ဗိုလ်လုပွဲကစားခဲ့သူများဖြစ်သည့် ဖိုဒန်၊ စတုန်းစ်၊ ဝေါ်လ်ကာ၊ ရိုဒရီနှင့် အယ်လ်ဗာရက်ဇ်တို့ ငါးဦးကိုမူ အသင်းတာဝန်ရှိသူများက နားရက်နှင့်ပတ်သက်ပြီး လာမည့်ရက်ပိုင်းအတွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ 

မန်စီးတီးအသင်း၏ အမေရိက ခြေစမ်းခရီးစဉ်တွင် ဟာလန်း၊ ဂရီးလစ်ရှ်၊  ဂီဗာဒီယိုလ်၊ ကယ်လ်ဗင်ဖီးလစ်၊ ကိုဗာချစ် တို့သာ ပါဝင်လာဖွယ်ရှိသည်။

Most Read