မိုဒရစ်ကို ယူရိုဖလား ရစေလိုကြောင်း ရာကီတစ် ပြောကြား

မိုဒရစ်ကို ယူရိုဖလား ရစေလိုကြောင်း ရာကီတစ် ပြောကြား
Photo: X
Photo: X
Published 13 June 2024

ခရိုအေးရှားကွင်းလယ်ကစားသမားဟောင်း ရာကီတစ်က လက်ရွေးစင်အသင်းဖော်ဟောင်း မိုဒရစ်အနေဖြင့် ယူရိုဖလားကိုင်မြှောက်သည်ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

ရာကီတစ်သည် ၂၀၂၀ စက်တင်ဘာတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။

ရာကီတစ်က ''မိုဒရစ် ဘယ်လိုလူဖြစ်ကြောင်း ဖော်ပြဖို့ စကားလုံးမရှိပါဘူး။ သူဟာ ကလေးတိုင်း၊ ပရော်ဖက်ရှင်နယ်တိုင်း စံနမူနာယူသင့်သူပါ။ သူက ရီးယဲလ်နဲ့အတူ အောင်မြင်မှုတွေအားလုံး ရယူထားသူလည်း ဖြစ်ပါတယ်။ ယူရိုဖလားကို မိုဒရစ် ကိုင်မြှောက်တာကို မြင်ခွင့်ရရင် အရမ်းကောင်းမှာပါ''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent