ကမ်းလှမ်းထားသည့်အသင်းများရှိနေသော်လည်း ကစားသမားဘဝမှအနားယူရန် အင်နီယေစတာစဉ်းစားနေပြီး စီးပွားရေးလုပ်ငန်းအား ပိုမိုအားစိုက်သွားဖွယ်ရှိနေ

ကမ်းလှမ်းထားသည့်အသင်းများရှိနေသော်လည်း ကစားသမားဘဝမှအနားယူရန် အင်နီယေစတာစဉ်းစားနေပြီး စီးပွားရေးလုပ်ငန်းအား ပိုမိုအားစိုက်သွားဖွယ်ရှိနေ
Photo: Andres Iniesta X
Photo: Andres Iniesta X
Published 5 September 2024

ဘာစီလိုနာအသင်းနှင့် စပိန်ဂန္ထဝင်ကွင်းလယ်လူဟောင်းဖြစ်သူ အင်နီယေစတာသည် ၎င်းအားဘောလုံးကစားရန်အတွက် ကမ်းလှမ်းထားသည့် အသင်းများရှိနေသေးသော်လည်း လက်ရှိအချိန်တွင် ကစားသမားဘဝမှ အနားယူရန် စဉ်းစားနေပြီး စီပွားရေးလုပ်ငန်းအား ပိုမိုအားစိုက်သွားဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

အသက် (၄၀)နှစ်အရွယ်ရှိပြီဖြစ်သည့် အင်နီယေစတာသည် ပြီးခဲ့သည့်  ၂၀၂၃-၂၄ ရာသီက ယူအေအီးပရိုလိဂ်အသင်းတစ်သင်းဖြစ်သည့် အီမရိတ်စ်ကလပ်အသင်းတွင် နောက်ဆုံးပါဝင်ကစားထားပြီး လက်ရှိတွင် စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းလက်မဲ့အဖြစ် အနားယူနေကြောင်းသိရသည်။

လက်ရှိတွင် အင်နီယေစတာအား ဘောလုံးကစားရန်အတွက် ကမ်းလှမ်းမှု များရှိနေသော်လည်း ဆုံးဖြတ်ချက်မချရသေးဘဲ အနားယူရန်ပါ စဉ်းစားနေခြင်းဖြစ်သည်။

အင်နီယေစတာအနေဖြင့် လက်ရှိအသက်အရွယ်အထိ ဘောလုံးကစားနေခြင်းမှာ ဘောလုံးအပေါ်ချစ်မြတ်နိုးသည့်စိတ်ကြောင့်သာဖြစ်ပြီး ငွေကြေးအတွက် ၀ိုင်လုပ်ငန်းများပိုင်ဆိုင်ထားကြောင်းစပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီထွက်ကစားသမားဖြစ်သူ အင်နီယေစတာသည် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ် မှတ်ကျောက်တင်ထားနိုင်သူဖြစ်ပြီး ဘာစီလိုနာအသင်းမှထွက်ခွာခဲ့ပြီးနောက် ဂျပန်နှင့် ယူအေအီးနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent