အေစီမီလန်နည်းပြဟောင်း ပီအိုလီ ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ နည်းပြသစ်ဖြစ်လာရန် နီးစပ်နေ

အေစီမီလန်နည်းပြဟောင်း ပီအိုလီ ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ နည်းပြသစ်ဖြစ်လာရန် နီးစပ်နေ
Photo: Getty Images
Photo: Getty Images
Published 10 September 2024

အေစီမီလန်အသင်း၏ နည်းပြဟောင်း ပီအိုလီသည် ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ နည်းပြသစ်ဖြစ်လာရန် နီးစပ်နေကြောင်း သိရသည်။

ပီအိုလီ(၅၈ နှစ်)သည် ၂၀၂၁- ၂၂ ရာသီတွင် အေစီမီလန်အသင်းကို စီးရီးအေချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီတွင် အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်ကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့သည့် ပီအိုလီကို ဆော်ဒီကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားခဲ့ပြီး လောရင့်ဘလန့်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည့် အယ်လ်အစ်တီဟတ်အသင်းကလည်း ချိန်ရွယ်ခဲ့ကြောင်း သိရသည်။

ယခုအခါ ပေါ်တူဂီနည်းပြ လူးဝစ်ကတ်စထရို၏ စွမ်းဆောင်ရည်ကို သဘောကျခြင်းမရှိတော့သည့် အယ်လ်နာဆာအသင်းက ပီအိုလီကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အယ်လ်နာဆာအသင်းသည် နာမည်ကျော် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားနေသည့်အသင်းဖြစ်ပြီး လာမည့်ရက်သတ္တပတ်အတွင်း နည်းပြအပြောင်းအလဲ ပြုလုပ်လိမ့်မည်ဟု သတင်းထွက်ပေါ်နေသည်။

ယင်းအတွက် ပေါ်တိုနည်းပြဟောင်း ကွန်ဆီကာအိုလည်း နည်းပြသစ်ဖြစ်လာရန် ပီအိုလီနှင့်အပြိုင် ရေပန်းစားနေကြောင်း သိရသည်။

သို့သော် အယ်လ်နာဆာအသင်း၏ ဦးစားပေးပစ်မှတ်မှာ အီတလီနည်းပြ ပီအိုလီဖြစ်ကြောင်း နီးစပ်သူများက ထင်ကြေးပေးထားကြသည်။

Most Read

Most Recent