ယမားလ်အား ချက်ချင်းလစာတိုးပေးရန် ဘာစီလိုနာအသင်းကို ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ် တောင်းဆို

ယမားလ်အား ချက်ချင်းလစာတိုးပေးရန် ဘာစီလိုနာအသင်းကို ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ် တောင်းဆို
Photo: CCMA
Photo: CCMA
Published 20 July 2024

 

ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ယမားလ်၏ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်က ယူရို ၂၀၂၄ တွင် အောင်မြင်မှုရခဲ့သည့် ယမားလ်အတွက် ချက်ချင်းလစာတိုးပေးရန် ဘာစီလိုနာအသင်းထံ တောင်းဆိုခဲ့ကြောင်း စပိန်အားကစားသတင်းစာ SPORT က ဖော်ပြခဲ့သည်။ 

အသက် ၁၇ နှစ်အရွယ်ရှိ စပိန်လူငယ် တိုက်စစ်ကစားသမား ယမားလ်သည် ပြီးခဲ့ သည့် ယူရို ၂၀၂၄ ပြိုင်ပွဲ ချန်ပီယံ စပိန်အသင်း၏အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး စံချိန်များစွာချိုးဖျက်ကာ ပြိုင်ပွဲ၏အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ ရရှိ ခဲ့သည်။ 

ထို့ကြောင့် ယမားလ်၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်က ဘာစီလိုနာအသင်းအနေဖြင့် ၎င်း၏ကစားသမားအတွက် လစာတိုးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယမားလ်သည် ဘာစီလိုနာအသင်း နှင့် ၂၀၂၆ ခုနှစ်ထိ စာချုပ်သက်တမ်းရှိနေပြီး လက်ရှိတွင် တစ်ပတ်လစာ ပေါင် ၂၇၀၀၀ သာ ရရှိနေကြောင်း သိရသည်။ 

ယင်းလစာငွေမှာ ယမားလ်၏လက်ရှိခြေစွမ်းနှင့်ဆိုလျှင် များစွာနည်းပါးနေခြင်းကြောင့် ဂျော့ချ်မန်ဒက်စ်က ချက်ချင်းလစာတိုးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာသည် ဂျော့ချ်မန်ဒက်စ်နှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသူဖြစ်ပြီး ၎င်း၏တောင်းဆိုချက်ကို လိုက်လျောရန် ဆန္ဒရှိနေကြောင်းလည်း သိရှိရသည်။ 

SPORT ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် ယမားလ်အား ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေသလို ၎င်း၏လစာငွေကို များစွာတိုးမြှင့်ပေးချေသွားရန် အသင့်ရှိနေကြောင်း သိရသည်။ လက်ရှိ ဘာစီလိုနာအသင်းတွင် လစာအများ ဆုံးရရှိနေသူမှာ ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းဖြစ်ပြီး တစ်ပတ်လစာ ပေါင် ၆၀၀၀၀၀ ရရှိနေကြောင်း သိရသည်။ 

Most Read

Most Recent