ဆွစ်ဇာလန်အား လျှော့မတွက်ရန် အီတလီအသင်းကို မာတာရာဇီ သတိပေး

ဆွစ်ဇာလန်အား လျှော့မတွက်ရန် အီတလီအသင်းကို မာတာရာဇီ သတိပေး
Photo: AFP
Photo: AFP
Published 29 June 2024

 

အီတလီနောက်ခံလူဟောင်း မာတာရာဇီက ဆွစ်ဇာလန်အသင်းအား လျှော့မတွက်ရန် အီတလီလက်ရွေးစင်အသင်းကို သတိပေးပြောကြားခဲ့သည်။ 

အီတလီအသင်းသည် ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့်တွင် ဆွစ်ဇာလန်အသင်းနှင့်တွေ့ဆုံနေပြီး ယင်းပွဲကို ယနေ့(ဇွန်လ ၂၉ ရက်) မြန်မာစံတော်ချိန် ည ၁ဝး၃၀ တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

အီတလီအသင်းနှင့်အတူ ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့သည့် မာတာရာဇီက "ယူရို ရှုံးထွက် ၁၆ သင်းအဆင့်မှာ ပိုရေပန်းစားတဲ့ အသင်းဆိုတာ မရှိတော့ပါဘူး။ ဆွစ်ဇာလန်ဟာ ဘယ်တုန်းကမှ အနိုင်ယူဖို့ လွယ်ကူတဲ့ အသင်းမဟုတ်ပါဘူး။ (ဆွစ်ဇာလန်နည်းပြ) ယာကင်က သူ့အသင်းကို ပရီးမီးယားလိဂ်၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါအခြေစိုက်ကစားသမားတွေနဲ့ တည်ဆောက်ထားတာပါ။ ဂျာမနီနဲ့ ကစားခဲ့တဲ့ပွဲမှာ သူတို့ အရမ်းကောင်းပါတယ်။ ဆွစ်ဇာလန်ကို လျှော့တွက်ရင် အီတလီအသင်း ခံသွားရ ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

ဆွစ်ဇာလန်အသင်းသည် အုပ်စုအဆင့်ပွဲစဉ်များတွင် ဟန်ဂေရီကို ၁-၃ ဖြင့်အနိုင်ရရှိခဲ့ပြီး စကော့တလန်အသင်းနှင့် ၁-၁ သရေ ဂျာမနီအသင်းနှင့် ၁-၁ သရေ ကစားနိုင်ခဲ့ပြီး ရှုံးပွဲမရှိခဲ့သည့်အသင်းဖြစ်သည်။

Most Read

Most Recent