၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မတ်အထိ မွန်ပြည်နယ်သို့ ပြည်တွင်း ပြည်ပ ခရီးသွား ၉၀၀၀၀၀ ကျော် လာရောက်ခဲ့ပြီး ယခင်နှစ်ထက် ၆၁ ရာခိုင်နှုန်း မြင့်တက်

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မတ်အထိ မွန်ပြည်နယ်သို့ ပြည်တွင်း ပြည်ပ ခရီးသွား ၉၀၀၀၀၀ ကျော် လာရောက်ခဲ့ပြီး ယခင်နှစ်ထက် ၆၁ ရာခိုင်နှုန်း မြင့်တက်
မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီတော်ကို ဖူးတွေ့ရစဉ်
မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီတော်ကို ဖူးတွေ့ရစဉ်
Published 2 July 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မတ်အထိ မွန် ပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့် သည် ၉၀၀၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ ပြီး ယခင်နှစ်ထက် ၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရ သည်။

မွန်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ မှ မတ်အထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့် သည် ၉၀၀၀၀၀ ကျော် လာရောက်လည်ပတ် ခဲ့ပြီး ယခင်နှစ်ထက် ၆၁ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း၊ ထိုသို့ဝင်ရောက်ရာတွင် ပြည်ပခရီး သွားများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘော ဒီးယားနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးဝင် ရောက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ဟိုတယ်တည်းခိုရိပ် သာ စုစုပေါင်း ၈၉ လုံးရှိ၍ အခန်းပေါင်း ၃၁၅၁ ခန်းရှိသည့်အပြင် တိုးမြှင့်ဖွင့်လှစ်နိုင် မည့် အစီအစဉ်များကိုလည်း တာဝန်ရှိသူများ က ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ် ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ဇန်နဝါရီ လကလည်း ပြည်တွင်းပြည်ပ ဘုရားဖူးခရီး သွားနှစ်သိန်းကျော် လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရ သည်။

ကျိုက်ထီးရိုးဒေသသို့ ဇန်နဝါရီလအ တွင်းက ပြည်တွင်းဘုရားဖူး ၂၀၀၃၉၉ ဦးနှင့် ပြည်ပဘုရားဖူးခရီးသွား ၉၂၉ ဦး၊ စုစုပေါင်း ၂၀၁၃၂၈ ဦး လာရောက်ခဲ့ကြောင်း ကျိုက်ထီး ရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

နယ်မြေတည်ငြိမ်အေးချမ်းနေသည့်အတွက်ကြောင့် ဘုရားဖူးများ လာရောက်မှုများ ပြားလာရခြင်းဖြစ်ကြောင်း၊ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန်နှင့် အ ဆင်ပြေစွာတည်းခိုစားသောက်နိုင်ရန် ဆောင် ရွက်ပေးထားကြောင်း ၎င်းင်းက ဆက်လက်ပြော ကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက ပြည် တွင်းဘုရားဖူး ၂၈၄၀၇၉ ဦး၊ ပြည်ပဘုရားဖူးခ ရီးသွား ၁၀၂၁၄ ဦး လာရောက်ခဲ့ကြောင်းနှင့် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလတစ်လအတွင်း မှာပင် ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးသွား နှစ်သိန်းကျော် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ စာရင်း များအရ သိရသည်။

 

 

Most Read

Most Recent