တောင်သာ-နွားထိုးကြီးသွား ကားလမ်းပေါ်တွင် သွားလာလျက်ရှိသည့် ‘ပိုင် TTA ’ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ် ၁၁ စီး လုယက်ယူဆောင်ခံရ

တောင်သာ-နွားထိုးကြီးသွား ကားလမ်းပေါ်တွင် သွားလာလျက်ရှိသည့် ‘ပိုင် TTA ’ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ် ၁၁ စီး လုယက်ယူဆောင်ခံရ
Published 4 July 2024

 

တောင်သာ-နွားထိုးကြီးသွား ကားလမ်းပေါ်တွင် သွားလာလျက်ရှိသည့် ‘ပိုင် TTA ’ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ် ၁၁ စီးကို ဇူလိုင် ၂ ရက်တွင် PDF များက လုယက်ယူဆောင်သွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်သည်။            

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ နယ်၊ ရန်ကင်းသာစည်ကျေးရွာနှင့် နွားထိုး ကြီးမြို့နယ်၊ ရွှေကြာအင်းကျေးရွာကြားတွင် ဇူလိုင် ၂ ရက် နံနက်ပိုင်း၌ PDF များက မော်တော်ယာဉ်သုံးစီးဖြင့် ရောက်ရှိလာပြီး တောင်သာ-နွားထိုးကြီး ကားလမ်းအတိုင်း သွားလာ နေသည့် မော်တော်ယာဉ်များအနက်

 ‘ပိုင် TTA ’ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များကို တားဆီးစစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တားဆီးစစ်ဆေးပြီးနောက် ယာဉ် မောင်းများနှင့် ခရီးသည်များအား ပြန်လွှတ် ပေးပြီး ‘ပိုင် TTA ’ ပိုင်ဆိုင်သည့် AD Van  မော်တော်ယာဉ်လေးစီး၊ succed မော်တော် ယာဉ်နှစ်စီး၊  probox မော်တော်ယာဉ်သုံးစီး နှင့် ခြောက်ဘီးကုန်တင်ယာဉ်နှစ်စီး စုစုပေါင်း  မော်တော်ယာဉ် ၁၁ စီးအား လုယက်ယူ ဆောင်၍  နွားထိုးကြီးမြို့နယ်ဘက်သို့ မောင်း နှင်ထွက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်း လွဲ ၃ နာရီခန့်တွင် ရွှေကြာအင်းကျေးရွာအနီး၌ PDF များ ယူဆောင်သွားသည့် မော်တော် ယာဉ် ၁၁ စီးအား ထိခိုက်ပျက်စီးမှုမရှိဘဲ ပြန် လည်ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

PDF များအနေဖြင့် အများပြည်သူ သွားလာလျက်ရှိသော လမ်းများပေါ်၌ ခရီး သွားပြည်သူများအား တားဆီးစစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ပစ္စည်းများ လု ယက်ယူဆောင်ခြင်းနှင့် ၎င်းတို့အား ထောက် ခံအားပေးမှု မရှိသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ဖမ်းဆီး သတ်ဖြတ် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ PDF များအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းနှင့် ခရီး သွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်သည်။

Most Read

Most Recent