■ ထားဝယ်မြို့ အိမ်ရှေ့ပြင် ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ မူလတန်း အရွယ်က‌လေးငယ်များ ထိခိုက် သေဆုံးမှုများရှိ‌‌ကြောင်း ကနဦး သိရ

■ ထားဝယ်မြို့ အိမ်ရှေ့ပြင် ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ မူလတန်း အရွယ်က‌လေးငယ်များ ထိခိုက် သေဆုံးမှုများရှိ‌‌ကြောင်း ကနဦး သိရ
Published 4 June 2024

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ဇွန်လ ၄ ရက် (ယနေ့) မွန်းလွဲပိုင်းခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မူလတန်းအရွယ် က‌လေးငယ်များ ထိခိုက် ဒဏ်ရာရပြီး သေဆုံးမှုများရှိ‌‌ကြောင်း ကနဦး သတင်းများအရ သိရသည်။

အဆိုပါ အိမ်ရှေ့ပြင် မူလတန်းကျောင်းတွင် နေ့လယ်ပိုင်း ထမင်းစား ကျောင်းဆင်းချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ထားဝယ်မြို့ခံတစ်ဦးကပြောကြားသည်။

"ကလေး (၂၀) ကျော် ထိခိုက်ဒဏ်ရာရသွားပြီး၊ သုံး ဦးက သေဆုံးသွားပြီလို့ ကြားသိရတယ်။ အသေးစိတ်ကိုတော့ တိတိကျကျ မသိရသေးဘူး" ဟု ၎င်း ဒေသခံက ဆက်လက် ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် မူလတန်းအရွယ် ကလေးငယ်များအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် မြို့ခံပြည်သူများက ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

 

Most Read

Most Recent