ပြည်တွင်း စားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရက် ၉၀ တို့ကို စီးပွားရေးအဖြစ် ရောင်းဝယ်ရန် သိုလှောင်ထားရှိပါက ဇူလိုင် ၇ ရက် နောက်ဆုံးထား၍ သိုလှောင်ရုံ မှတ်ပုံတင်ရမည်

ပြည်တွင်း စားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရက် ၉၀ တို့ကို စီးပွားရေးအဖြစ် ရောင်းဝယ်ရန် သိုလှောင်ထားရှိပါက ဇူလိုင် ၇ ရက် နောက်ဆုံးထား၍ သိုလှောင်ရုံ မှတ်ပုံတင်ရမည်
Published 4 July 2024

ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘို ပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရက် ၉၀ စသည် တို့ကို စီးပွားရေးအဖြစ်ရောင်းဝယ်ရန် သို လှောင်ထားရှိပါက ဇူလိုင် ၇ ရက် နောက်ဆုံး ထား၍ သိုလှောင်ရုံ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စီးပွားရေးလုပ်ငန်းအနေဖြင့် ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက်သိုလှောင်သည့်ဆန်စပါး သိုလှောင် ရုံ ပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သိုလှောင် ရုံများကို Myanmar rice online (MYRO) – www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါရန် အသိပေး ကြေညာထားပြီးဖြစ်သည်။

အဆိုပါ MyRO စနစ်၌ သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆောင်ရွက်ထားရှိပြီးဖြစ်  သည့်  သိုလှောင်ရုံပိုင်ရှင်များ အနေဖြင့်လည်း ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် လချုပ် update  စာရင်းရေးသွင်းခြင်းကို လစဉ် လကုန်ပြီး ခုနစ်ရက်အတွင်း နောက်ဆုံးထား ၍ (မပျက်မကွက်) တိကျစွာတင်ပြ ဆောင်ရွက် ပေးကြရန် ဖုန်း SMS များဖြင့် ပေးပို့အကြောင်း ကြားထားပြီးဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် “ဆန်သိုလှောင်စျေးနှုန်း မြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်း အဖွဲ့” များကို တိုင်းဒေသကြီး/ ပြည်နယ်များ တွင် ဖွဲ့စည်းထားပြီးဖြစ်၍ အထက်အပိုဒ် (၁) (၂) ပါအတိုင်း ဆောင်ရွက်ရန် ပျက်ကွက် လျှင်ဖြစ်စေ၊ မြေပြင်ကွင်းဆင်းစိစစ် စစ်ဆေး ရာတွင် တင်ပြချက်များနှင့် ကိုက်ညီမှုမရှိ လျှင်ဖြစ်စေ ထိရောက်စွာ အရေးယူဆောင် ရွက်နေခြင်းကို ကြိုတင်အသိပေးထား ကြောင်း သိရသည်။

အထူးသဖြင့် ပြည်တွင်းစားသုံးဆန်များ ဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း များ၊ ဧရာမင်း၊ ရက် ၉၀၊ ဧရာပဒေသာ၊ အညာ သား၊ ပခန်း၊ ဖန်သီးသုခ စသည့် စပါး/ဆန် များကို စီးပွားရေးအဖြစ် ရောင်းဝယ်ရန် သို လှောင်ထားရှိပါက အဆိုပါသိုလှောင်ရုံများ အတွက် MyRO စနစ်တွင် သိုလှောင်ရုံ မှတ်ပုံ တင်ခြင်းကို ဇူလိုင် ၇ ရက် နောက်ဆုံးထား၍ အလေးအနက်ပြု ဆောင်ရွက်ပေးကြရန်နှင့် MyRO တွင် မှတ်ပုံတင်ရန် အချိန်မီဆောင် ရွက်နိုင်ခြင်း မရှိသေးပါက မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်သို့ သိုလှောင်ထားရှိမှု အ ခြေအနေများကို စာရင်းကြိုတင်ပေးပို့ထား ရှိရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သ တင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ သိုလှောင်ရုံ ၇၂၆ လုံး မှတ်ပုံတင်ထားပြီး ဆန်တန်ချိန် ၅၀ သို့မ ဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင် သူများ မဖြစ်မနေမှတ်ပုံတင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထပ်မံ အသိပေးကြေညာထားကြောင်း ထုတ်ပြန်ချက် အရ သိရသည်။  

ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး စျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေ ရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများ ကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင် ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေ ပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော် ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ် ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသို လှောင်ရုံလုပ်ငန်းများအနေဖြင့် online Registration  စနစ်ဖြင့် Myanmar rice online (MYRO) – www.myro.com.mm တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent