တောင်သူများအနေဖြင့် စက်မောင်းဆီများကို လိုအပ်သည့်အချိန်တွင် လိုအပ်သောပမာဏအတိုင်း ဝယ်ယူနိုင် ရန် စက်သုံးဆီဆိုင်များ၌ စာရင်းရေးသွင်းရောင်းချနိုင်ရေးကိုလည်း ဆောင်ရွက်ထားဟုဆို
မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းအတွက် လိုအပ်သည့် စက်သုံးဆီများကို တောင်သူများသို့ ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်နေ သော်လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီခြိုးခြံချွေတာရေးအတွက် နိုင်ငံတော်မှထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စက်သုံးဆီစနစ်တကျသုံးစွဲနိုင်ရေး၊ ချွေတာသုံးစွဲနိုင်ရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ဒီဂျစ်တယ်နည်းပညာအခြေပြု၍ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးကြီးကဏ္ဍဖြစ်သော လယ်ယာလုပ်ငန်းသုံး ဒီဇယ်ဆီ ပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်း ကြီးမြင့်မှုကို လျှော့ချနိုင်ရေးနှင့် ထွန်ယက်စိုက်ပျိုး သော လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီများအား တစ်ဂါ လံလျှင် ၁ဝ,ဝဝဝ ကျပ် နှုန်းဖြင့် တောင်သူများထံသို့ လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး/ပြည်နယ်အလိုက် နွေစပါးမြေပြုပြင်ရန်ကျန်ရှိသော ၄၆၈၈၇ ဧကအတွက် အသုံးပြုရန် လိုအပ်သည့် ဒီဇယ်ဆီကို တောင်သူလယ်သမားများ ထံသို့ တိုက်ရိုက်ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့အပြင်မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းအတွက် လိုအပ်သည့် စက်သုံးဆီများကိုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တောင်သူများ သို့ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
တောင်သူ များအနေဖြင့် စက်မောင်းဆီများကို လိုအပ်သည့်အချိန်တွင် လိုအပ်သောပမာဏအတိုင်း ဝယ်ယူနိုင် ရန် အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ကြီးကြပ်မှုဖြင့် စက်သုံးဆီအရောင်းဆိုင် များတွင် စနစ်တကျစာရင်းရေးသွင်းရောင်းချနိုင်ရေးကိုလည်း စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း များ တက်သွားခြင်းမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာ လုံလောက်မှုရှိကြောင်း၊ စက်သုံးဆီ ဝယ်ယူသုံးစွဲသူများအနေဖြင့် လိုအပ်သည်ထက်ပိုမိုဝယ်ယူသိုလှောင်ခြင်းမပြုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူသုံးစွဲခြင်းဖြင့် ကဏ္ဍအလိုက် အသုံးပြုမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီဖြန့်ဖြူးနေမှုတည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာမှုအပေါ် ပျက်ပြားစေရန် ရည်ရွယ်၍ ကောလဟာလ မဟုတ်မမှန်သတင်းများ ပြည်ပမီဒီယာများသို့ ပေးပို့နေသူများရှိခြင်း နှင့် ပြည်ပ မီဒီယာအချို့မှ ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန်မမှန်ကန်သည့်ဓာတ်ပုံ များ၊ သတင်းများ ထုတ်လွှင့် ဖြန့်ဝေခြင်းများ ရှိနေသော်လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများကြောင့် လက်ရှိအခြေ အနေတွင် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံး ဖြန့်ဖြူးမှုမှာ တည်ငြိမ်၍ ပုံမှန်အခြေ ပုံမှန်အခြေအနေတွင် ရှိနေသည်ကို တွေ့ရှိရကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီများကို ပြည်သူများအားလုံးညီတူညီမျှ လုံလောက်စွာ သုံးစွဲနိုင်စေရေး အစဉ်တစိုက်စီမံဆောင်ရွက်နေမှုအပေါ် ယခုကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအား ကျေးဇူးအထူးတင်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။















