အာဂျင်တီးနားအိုလံပစ်အသင်းတွင် မက်ဆီနှင့် အန်ဇို မပါဝင်

အာဂျင်တီးနားအိုလံပစ်အသင်းတွင် မက်ဆီနှင့် အန်ဇို မပါဝင်
Photo: X
Photo: X
Published 4 July 2024

၂၀၂၄ ပါရီအိုလံပစ်အတွက် အာဂျင်တီးနားအသင်း၏လူစာရင်းကို ထုတ်ပြန်ခဲ့ရာ မက်ဆီနှင့် အန်ဇိုဖာနန်ဒက်ဇ်တို့ မပါဝင်ကြောင်း သိရှိရသည်။

အသက် (၃၇)နှစ်အရွယ်ရှိ မက်ဆီသည် အိုလံပစ်ပြိုင်ပွဲဝင်မည့် အာဂျင်တီးနားအသင်းတွင် ပါဝင်ဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ပွဲများစွာကစားရခြင်းကြောင့် မပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

အန်ဇိုဖာနန်ဒက်ဇ်မှာလည်း ချယ်လ်ဆီးအသင်း၏တောင်းဆိုမှုကြောင့် ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။

အိုလံပစ်ဝင်ပြိုင်မည့် အာဂျင်တီးနားအသင်းတွင် မန်စီးတီးတိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်နှင့် အေဂျက်စ်ဝါရင့်ဂိုးသမား ရူလီတို့ ပါဝင်လာခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent