■ ဘိုလော့ဂ်နာနည်းပြ သီယာဂိုမော့တာ ဂျူဗင်တပ်စ်နှင့် သဘောတူညီမှုရရှိရန် နီးစပ်     

■ ဘိုလော့ဂ်နာနည်းပြ သီယာဂိုမော့တာ ဂျူဗင်တပ်စ်နှင့် သဘောတူညီမှုရရှိရန် နီးစပ်     
Photo: Getty Images
Photo: Getty Images
Published 24 May 2024

ဘိုလော့ဂ်နာအသင်း၏နည်းပြ သီယာဂို မော့တာသည် ဂျူဗင်တပ်စ်အသင်းနှင့် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

    

သီယာဂိုမော့တာ(၄၁ နှစ်)သည် ၂၀၂၂ နွေရာသီတွင် ဘိုလော့ဂ်နာအသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီကတည်းက အသင်းအတွက် စံချိန်တင်အမှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ 

ယခုရာသီတွင် အသင်း၏သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ဘိုလော့ဂ်နာအသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆန္ဒရှိခဲ့သော်လည်း ၎င်းက ငြင်းပယ်ခဲ့သည်။ 

မော့တာသည် အစောပိုင်းကတည်းက ဂျူဗင်တပ်စ်အသင်း၏ နည်းပြသစ်ဖြစ်လာဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ပြီး ယခုအခါ သဘောတူ ညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

    

ဂျူဗင်တပ်စ်အသင်းသည် ယခင်ကတည်းက လမ်းခွဲဖွယ်ရှိကြောင်း ထင်ကြေးပေးခံထားရသည့် နည်းပြ အယ်လီဂရီကို မေ(၁၇)တွင် ရာ ထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် သီယာဂိုမော့တာကို ခေါ်ယူရန် သဘောတူညီမှုရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဘိုလော့ဂ်နာအသင်းက ရာသီကုန်တွင် မော့တာနှင့် လမ်းခွဲမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် အတည်ပြုခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုတော့မည်ဟု သတင်းထွက်လာခဲ့သည်။

Most Read

Most Recent