၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ် မေလအထိ ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းကို အသုံးပြု၍ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၄၆ မှုရှိခဲ့ပြီး ဖမ်းဆီးရမိတရားခံ ၂၆၆ ဦးရှိကာ အများစုသည် AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူများဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ် မေလအထိ ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းကို အသုံးပြု၍ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၄၆ မှုရှိခဲ့ပြီး ဖမ်းဆီးရမိတရားခံ ၂၆၆ ဦးရှိကာ အများစုသည် AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူများဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 27 June 2024

၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ် မေလအထိ ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းလမ်းကို အသုံးပြု၍ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၄၆ မှုရှိပြီး ဖမ်းဆီးရမိတရားခံ ၂၆၆ ဦးရှိကာ အများစုသည် AA အဖွဲ့နှင့်ပတ်သက်ဆက် နွှယ်နေသည့် အသိုင်းအဝိုင်းများဖြစ်ကြောင်း နှင့် စိတ်ကြွဆေး ၂၈ ဒသမ ၅ သန်း၊ အိုက်စ် ၄၁ တန်၊ ကတ်တမင်း ၁ ဒသမ ၄ တန် ဖမ်းဆီး ရမိခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA အဖွဲ့၏ မူးယစ်ဆေးဝါးကုန်ကူးမှု လုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားရာ တွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုသို့ ထည့် သွင်းပြောကြားခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “AA အနေနဲ့ စတင်ထူထောင်လာကတည်းက မူးယစ်ဆေး ၀ါးလုပ်ငန်းကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။ ဘာကြောင့်လုပ်ဆောင်ရ လဲဆိုတော့ ဒီ မူးယစ်ဆေးဝါးနဲ့ပဲ ဒေသတွင်း မှာရှိတဲ့ ပြည်သူတွေ အကျင့်စာရိတ္တပျက်ပြား နေမှသာ AA သောင်းကျန်းသူအဖွဲ့အတွင်းကို ဝင်ရောက်နိုင်ရေး စည်းရုံးဖို့ လွယ်ကူမယ်။ လွယ်လွယ်ကူကူရတဲ့ငွေနဲ့ လက်နက်ခဲယမ်း တွေ  ဝယ်နိုင်မယ်။ တရားမဝင်ထောက်ပံ့မှုတွေ လုပ်နိုင်မယ်ဆိုတာကို ရည်ရွယ်ပြီး ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ပြောကြားသည်။

၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးရမိသည့် AA အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသည့် အောင်မြတ်ကျော်ဆိုသူသည် ဦးထွန်းမြတ်နိုင် ၏ တာဝန်ပေးချက်အရ ၂၀၁၅ ခုနှစ်အတွင်း၌ ပြင်ဦးလွင်မှ ရန်ကုန်၊ ဘားအံမှ ရန်ကုန် စသည် ဖြင့် ၁၀ ကြိမ်ခန့် လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများကို ဆီသယ်ဆောင်သည့် ကားများ၌ အံဝှက်များပြုလုပ်ပြီး သယ်ဆောင် ခဲ့သည်ဟု အစစ်ဆေးခံခဲ့ကြောင်း၊ ၂၀၂၃ ခု နှစ် ဒီဇင်ဘာလအတွင်း၌ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခုတွင် အိုက်စ်၊ ကဖင်းများ ဖမ်းဆီး ရမိခြင်းများရှိပြီး  အသုံးပြုသည့်ယာဉ်များ၊ စက်လှေများ၊ ဂိုဒေါင်များကို ငှားရမ်းအသုံးပြု ခဲ့ခြင်း တွေ့ရကြောင်းနှင့် AA အဖွဲ့ဝင် အများ အပြား ကွန်ရက်ချိတ်ဆက်ဆောင်ရွက်နေ ခြင်းကိုလည်း တွေ့ခဲ့ရကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

“ရခိုင်ပြည်နယ်ကိုပို့မယ့် ကဖင်း ဖမ်းဆီး ရမိမှုဖြစ်စဉ်အရ AAသောင်းကျန်းသူတွေ အနေနဲ့ အိုက်စ်တို့၊ ကဖင်းတို့ကို အသုံးပြုပြီး တော့ ရခိုင်ပြည်နယ်မှာပဲ စိတ်ကြွ ရူးသွပ်ဆေး ပြားတွေကို ပြောင်းလဲထုတ်လုပ်ဖို့ ကြိုးစားနေ တာကို တွေ့ရပါတယ်။ ဒီဖမ်းဆီးရမိတဲ့ ဆေး ပြားအရေအတွက်တွေ၊ မူးယစ်ဆေး အရေအ တွက်တွေကို ကြည့်ရင် ရခိုင်ပြည်နယ်မှာရှိ နေတဲ့ လူဦးရေအားလုံး သုံးစွဲနိုင်တဲ့ ပမာဏ ထက် သာလွန်နေတာ တွေ့ရပါတယ်။ ဒါတွေ ဟာ ဘာလဲဆိုတော့ အဓိကကတော့ တစ်ဖက် နိုင်ငံကို အမြောက်အမြား ပို့ဆောင်ခဲ့တာတွေ၊ တစ်ဖက်နိုင်ငံမှာလည်း အမြောက်အမြား ဖမ်းမိတာတွေ၊ ရခိုင်ဒေသကို အခြေခံပြီး ပင် လယ်ပြင်ကနေ တခြားနိုင်ငံကို ထွက်တာတွေ ကို ဆောင်ရွက်တာကို တွေ့ရပါတယ်။ ဒါ ကြောင့် မလို့ AA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ AA ရဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုလုပ်ရပ်တွေ၊ သယ်ဆောင်မှုလုပ်ရပ်တွေ၊ မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်မှာပဲ ထုတ်လုပ်ဖို့ လုပ်နေတဲ့ လုပ်ရပ်တွေ အားလုံးသည် မြန်မာနိုင်ငံအ တွင်းမှာရှိတဲ့ ပြည်သူလူထုကို ဖျက်စီးရုံသာ မက ဒေသတွင်းမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရေး၊ အကြမ်းဖက်လုပ်ငန်းစဉ်များ ပေါ်ပေါက် လာရေးကို ဦးတည်ဆောင်ရွက်နေတယ်ဆို တာ တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

 

          အထက်ပါကိစ္စများနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် သတိရှိကြရန် မေတ္တာ ရပ်ခံလိုကြောင်းနှင့် အကြမ်းဖက်မှုနှင် မူးယစ် ဆေးဝါးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်း ကို အားလုံးက ၀ိုင်းဝန်းဆန့်ကျင်ကြရန်လည်း ပြောလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

Most Read

Most Recent