ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာတွင် ရာအိမ်မှူးတစ်ဦး၊ ၎င်း၏ သမီးနှင့်သားဖြစ်သူ မြေစာရင်းဝန်ထမ်းတို့ သေနတ်ဖြင့်ပစ်သတ်ခံရ

ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာတွင် ရာအိမ်မှူးတစ်ဦး၊ ၎င်း၏ သမီးနှင့်သားဖြစ်သူ မြေစာရင်းဝန်ထမ်းတို့ သေနတ်ဖြင့်ပစ်သတ်ခံရ
Published 29 June 2024

ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာတွင် ရာအိမ်မှူးတစ်ဦး၊ ၎င်း၏ သမီးနှင့်သားဖြစ်သူ မြေစာရင်းဝန်ထမ်းတို့ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၂၅ ရက် နံနက် ၆ နာရီ ၁၀ မိနစ်တွင် ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေရာအိမ်မှူးဖြစ်သူ ဦးအောင်ဆန်းဦး (၅၂ နှစ်)သည် ဇနီးဖြစ်သူ ဒေါ်ခိုင်ခိုင်ဝင်း (၄၉ နှစ်)၊ သားဖြစ်သူ ညောင်ဦးမြို့နယ်မြေစာရင်းရုံးမှ မြေတိုင်းအဆင့်-၄ ကိုညီညီလင်း(၂၈ နှစ်)၊ သမီးဖြစ်သူ မခင်မြတ်မြတ်ဦး(၂၅ နှစ်)တို့နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF ရှစ်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ဆိုင်ကယ်နှစ်စီးအား ယူဆောင်သွားခဲ့ကြောင်း၊ ဦးအောင်ဆန်းဦး၊ ကိုညီညီလင်းနှင့် မခင်မြတ်မြတ်ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဒေါ်ခိုင်ခိုင်ဝင်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူနှင့် အရပ်သားတစ်ဦးတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့သူများအား အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်းသိရသည်။

Most Read

Most Recent