ပြည်ကြီးတံခွန်မြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးကို ဖမ်းဆီး

ပြည်ကြီးတံခွန်မြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးကို ဖမ်းဆီး
Published 1 July 2024

ပြည်ကြီးတံခွန်မြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဇွန် ၂၇ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၁၇ လမ်းရှိ ကိုထင်ရှမ်း၏နေအိမ်တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။ 

ထို့သို့ ဝင်ရောက်ရှာဖွေရာတွင် နေအိမ်အပေါ်ဆုံးထပ်ရှိ ဧည့်ခန်းအတွင်း၌ Online လောင်းကစားပြုလုပ်ရန်အတွက် အငှားထားသော အိမ်ပိုင်ရှင်ဖြစ်သူ ထင်ရှမ်းနှင့် တရားမဝင် Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေကြသူများဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ရပ်ကွက်နေ မန်နေဂျာ ရန်ဝင်းမြင့်(ခ) ကျန်ဝမ်ရီ၊ လောက်ကိုင်မြို့နယ်၊ ကျုံးရှန်ကျေးရွာနေ ကြီးကြပ်လုပ်ကိုင်သူ လော်ကျင်းကျွမ်၊ လောင်းကစားဂိမ်းဝန်ထမ်းများဖြစ်သည့် တာမိုးညဲမြို့၊ အမှတ် (၄)ရပ်ကွက်နေ ဇင်မာထွေး(ခ)ရင်ရုံ ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း (၁၂)ဦးတို့အား တရားမဝင် Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် Laptop မျိုးစုံ(၆)လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ (၆၃)လုံး၊ မြန်မာငွေစက္ကူ ကျပ် (၁၁၀)သိန်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၆)ခု၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

အလားတူ ဇွန် ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆပ်ရပ်ကွက်၊ လွန်းကျိုင်းလမ်း၊ အိမ်အမှတ် (မ-၃/၂၃၂)တွင် တရုတ်နိုင်ငံသားများ ခိုအောင်းနေထိုင်ပြီး တရားမဝင် Online လောင်းကစားများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်း အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အမျိုးသား (၂၈၈)ဦး၊ အမျိုးသမီး (၇)ဦး၊ စုစုပေါင်း (၂၉၅)ဦးတို့အား Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း (၉၀၀)လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။ 

ဖြစ်စဉ်များတွင် ဖမ်းဆီးရမိထားသည့် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား (၁၂)ဦးနှင့် တရုတ်နိုင်ငံသား (၂၉၅)ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သော စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။ 

Most Read

Most Recent