မြဝတီခရိုင် ရွှေကုက္ကိုဘက်သို့ ပေးထားသည့် အွန်လိုင်းနှင့် ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ကြောင်း ထိုင်းအမျိုးသားအသံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မရှင် ထုတ်ပြန်

မြဝတီခရိုင် ရွှေကုက္ကိုဘက်သို့ ပေးထားသည့် အွန်လိုင်းနှင့် ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ကြောင်း ထိုင်းအမျိုးသားအသံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မရှင် ထုတ်ပြန်
Published 11 May 2024

မြဝတီခရိုင် ရွှေကုက္ကိုဘက်သို့ ပေးထားသည့် အွန်လိုင်းနှင့် ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ကြောင်း ထိုင်းအမျိုးသားအသံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မရှင်က ထုတ်ပြန်သည်ဟု ဗီအိုအေသတင်းဌာနတွင် ဖော်ပြထားသည်။

မေ ၉ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းအမျိုးသား အသံလွှင့် ဌာနနှင့် ဆက်သွယ်ရေးကော်မရှင်ရုံး တာဝန် ရှိသူ နိုင်ဖါနုဖုန်း ချိုင်းစီထစ်က ထိုင်းဘာသာ ဖြင့် ပြောကြားခဲ့ခြင်းဟု သတင်းတွင်ဖော်ပြ ထားသည်။

“တာ့ခ်ခရိုင် ဖွတ်ဖရမြို့နယ် မယ်လမမြို့ နယ်ကတစ်ဆင့် မြန်မာဘက်ကိုပေးထားတဲ့ အင်တာနက်ကေဘယ်ကြိုးလိုင်းပေါင်း ၆၉ လိုင်း ရှိကြောင်းနဲ့ အခုလိုဆက်သွယ်ပေးထား တဲ့ အင်တာနက်လိုင်းက တာဝန်ရှိသူတွေအ နေနဲ့ တရားမဝင်ပေးထားတာတွေကို ၁၅ ရက် အတွင်း အားလုံး ဖြတ်တောက်ရမယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်ဟု ဗီအိုအေသတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ဖြတ်တောက်မှုကို ထိုင်းအစိုးရ ပိုင် NBTC နှင့် စစ်ဘက်ဆိုင်ရာအရာရှိများ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မြန်နှုန်းမြင့် အင်တာနက်လိုင်းများကို မြဝတီဘက် ခြမ်းရှိ အွန်လိုင်းလိမ်လည်ဂိုဏ်းများထံ ပေးပို့နေခြင်းမှာ တရားဝင်မှုမရှိကြောင်း ထိုင်းအမျိုးသား အသံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မ ရှင်ရုံး တာဝန်ရှိသူ နိုင်ဖါနုဖုန်းချိုင်းစီထစ်က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထား သည်။

ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းကတည်းက မြဝတီခရိုင် ရွှေကုက္ကိုဘက်သို့ ပေးပို့နေသည့် ဆက်သွယ်ရေးနှင့် အင်တာနက် ကေဘယ်ကြိုး လိုင်းများကို ထိုင်းအစိုးရက ဖြတ်တောက်ထား ခြင်းဖြစ်သော်လည်း အွန်လိုင်းလိမ်လည်ဂိုဏ်း များမှာ ရပ်တန့်သွားခြင်းမရှိကြောင်း၊ မြန်မာ ဘက်ရှိ  အင်တာနက်လိုင်းများနှင့် ထိုင်းနိုင်ငံ ဘက်က ခိုးသွယ်ပေးထားသည့် အင်တာနက် လိုင်းများနှင့် ဆက်လက်အလုပ်လုပ်ကိုင်နေ ခြင်းဖြစ်သည်ဟု ဗီအိုအေသတင်းတွင် ဖော်ပြ ထားသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသ တစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်း ဆောင်ရွက်နေ သော နိုင်ငံခြားသားများ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထွက်ခွာရန် ကရင်နယ်ခြား စောင့်တပ် BGF က ကြေညာထားသည်။

BGF  ၏ မြဝတီစည်းကမ်းထိန်းသိမ်းရေး ရုံးက သတိပေးကြေညာချက်ခေါင်းစဉ်ဖြင့် မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးဘာသာဖြင့်ထုတ် ပြန်ချက်တွင် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်း ဆောင်ရွက်နေကြသော နိုင်ငံခြားသားများအားလုံး ၂၀၂၄ ခုနှစ် မေ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အတွင်း ထွက်ခွာပေးရမည်ဖြစ်ကြောင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် မိမိတို့လာရာလမ်း အတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွာပေး ရမည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၃၁ ရက် နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။

ထိုသို့ မြဝတီမှ အဓိကထွက်ခွာခိုင်းသည့် နိုင်ငံသားများမှာ တရုတ်လူမျိုးများဖြစ် ကြောင်း၊ အွန်လိုင်းကိစ္စနှင့်ပတ်သက်၍ ဝေ ဖန်မှုများ ထွက်ပေါ်လာခြင်းကြောင့်ဖြစ် ကြောင်း၊ လက်ရှိတွင် ပြန်လည်ထွက်ခွာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း၊ အချို့မှာ ၎င်းင်းတို့၏သက်ဆိုင်ရာနိုင်ငံများထံ ပြန်လည်သွား ရောက်၍မရသူများကို ထိုင်းနိုင်ငံကဲ့သို့ နေ ရာများတွင် နေထိုင်နိုင်ရန် ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း မထွက်ခွာသူများကို ဖမ်းဆီး၍ သက်ဆိုင်ရာ သံရုံးများထံ အပ်နှံမည်ဖြစ်ကြောင်း စသည် ဖြင့် ကရင်နယ်ခြားစောင့်တပ် တာဝန်ရှိသူ အချို့က မီဒီယာအချို့တွင်ဖြေကြားထား သည်ကို တွေ့ရသည်။

အဆိုပါ ကျားဖြန့်ဟုခေါ်သည့် တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့သည် BGF က ထိန်း ချုပ်ထားသည့် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့ တွင် နေထိုင်လုပ်ကိုင်ကြခြင်းဖြစ်သည်ဟု လည်း USIP ဆောင်းပါးတွင် ဖော်ပြထားသည် ကို တွေ့ရသည်။

Most Read

Most Recent