အညာတောင်သူတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ

အညာတောင်သူတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ
မြိုင်မြို့နယ် ကျေးလက်တစ်ခုမှ လယ်ယာလုပ်ငန်းခွင်ကို ယခင်နှစ်က တွေ့ရစဉ်
မြိုင်မြို့နယ် ကျေးလက်တစ်ခုမှ လယ်ယာလုပ်ငန်းခွင်ကို ယခင်နှစ်က တွေ့ရစဉ်
Published 30 June 2024

၂၀၂၄ ခုနှစ်ရဲ့ စိုက်ပျိုးရာသီကို ရောက်ရှိလာချိန်မှာတော့ အညာ တောင်သူတို့အတွက် စိန်ခေါ်မှုတွေက ပိုလို့များပြားလာပါတယ်။ သွားလာရေး၊ ရောင်းဝယ်ရေးနဲ့ နေထိုင်ရေးအားလုံးက အခက်အခဲ များစွာရှိနေပြီး ကျန်းမာရေးနဲ့ ပညာရေးကတော့ ငွေကြေးမပြည့်စုံသူတွေအတွက် ပိုလို့ပင် ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်။ သို့ပေမဲ့ အခက်အခဲကြားမှာပင် ရုန်းကြကန်ကြရဦးမှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလလယ်လောက် မှာပင် အညာဒေသအတော်များ များ မိုးရရှိခဲ့သည့်အတွက် တောင် သူများစိုက်ပျိုးရေး လုပ်ကိုင်နိုင်ခဲ့ပါ တယ်။ သို့ပေမဲ့ နေရပ်စွန့်ခွာသူများ လာတာကြောင့် လုပ်သားအခက် အခဲကြုံတွေ့နေရပြီး မြေဆီမြေသြ ဇာဝယ်ယူရေး အခက်အခဲများ လည်းကြုံတွေ့ရပါတယ်။ သီးနှံဈေး အမြင့်ဘက်မှာရှိပေမဲ့ စိုက်စရိတ်က လည်း မြင့်တက်လာတယ်လို့တောင် သူတွေ ပြောပြပါတယ်။

          “စိုက်လို့တော့ ပြီးသွားပြီ။ နောက်မိုးလိုက်ဖို့ လိုသေးတယ်။ မိုး ဦးကတော့ သိပ်မကောင်းဘူး။ လက်ရှိတော့ နှမ်းနဲ့ ပဲစင်းငုံအဓိက စိုက်ထားတယ်။ ပဲစင်းငုံကတော့ ဈေးလည်းကောင်းတော့ အတော် များများ စိုက်ကြတယ်။ တချို့ရွာ တွေကတော့ စိုက်ပျိုးရေးမလုပ်နိုင် ဘူး။ နယ်မြေမကောင်းတော့ ရှောင် ကြတိမ်းကြနေရတယ်။ ကျွန်တော် တို့ဘက်ကတော့ နယ်မြေငြိမ်သေး တော့ စိုက်ရတယ်။ ဖြစ်လာရင် တော့ ပြေးဖို့ပြင်ထားရတာပေါ့” လို့ မြိုင်မြို့နယ်အရှေ့ပိုင်းတွင် နေထိုင် သူတစ်ဦးက ပြောပါတယ်။

          အချို့သော တောင်သူများမှာ ၎င်းင်းတို့ပိုင်ယာခင်းများတွင် ထွန် ယက်စိုက်ပျိုးမှုများ လုပ်ချင်သော် လည်း ယာခင်းအတွင်းမပေါက်ကွဲ သေးတဲ့ စစ်လက်နက်များရှိနေခြင်း ကြောင့် လုပ်ကိုင်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ တောင်သူလုပ်ငန်းအ တွက် သွားလာတဲ့အခါမှာလည်း လမ်းဘေးဝဲယာကို ဂရုပြုသွားလာ ရပြီး မြေမြှုပ်မိုင်းအန္တရာယ်ဟာ စိုး ရိမ်စရာကောင်းတယ်လို့လည်း ဆို ကြပါတယ်။

          “ထိပ်ဖူးက ယာခင်းမြေကြီးထဲ စိုက်နေတာ။ အမြီးပိုင်းက မြေပေါ် ပေါ်နေတာ။ ယာတစ်ကွက်လုံး မ စိုက်ဘဲ ထားလိုက်ရတယ်။ ရှောင် ကွင်းပြီးလည်း မစိုက်ရဲဘူး။ ထွန် ယက်နေတုန်း အမှုမဲ့အမှတ်မဲ့သွား တိုက်မိမှာ စိုးရိမ်ရလို့” လို့ မြိုင်မြို့ နယ်မှတောင်သူတစ်ဦးက ပြောပြ ပါတယ်။

          အညာတောင်သူလုပ်ငန်းမှာ များစွာသော အခက်အခဲတွေကြုံ တွေ့နေရသလို ပညာရေးဘက်မှာ လည်းမလွယ်ကူလှပါ။ ယခု ဇွန် ၃ ရက်နေ့မှာ တစ်နိုင်ငံလုံးကျောင်း များစတင်ဖွင့်လှစ်လို့ ပညာသင် ကြားစတင်နေပါပြီ။ ကျောင်းအပ်နှံ မှုဟာလည်း အရင်နှစ်တွေထက် ပို မိုများပြားခဲ့ပြီး မြို့ပေါ်ကျောင်းတွေ မှာတော့ ကျောင်းသားကျောင်းသူ အဖြူအစိမ်းဝတ်များစွာကို မြင် တွေ့ရပါတယ်။ တည်ငြိမ်မှုမရှိတဲ့ အညာမြေက တောအရပ်မှာတော့ သင်ကြားချင်တဲ့ ကျောင်းသား ကျောင်းသူရှိခဲ့ရင်တောင် ဆရာဆ ရာမမရှိလို့ စာမသင်နိုင်ကြပါဘူး။

          တချို့ကျောင်းကို စာသွားသင် ချင်ပေမဲ့ လုံခြုံရေးကြောင့် မသွားရဲ မလာရဲ။ ငွေကြေးတတ်နိုင်သူတွေ ကတော့ မြို့အရပ်ဆီရွှေ့ပြောင်းလို့ ကလေးပညာရေး ဆောင်ရွက်ကြပါ တယ်။ တချို့လည်း မြို့အရပ်မှာရှိ တဲ့ ဆွေမျိုးတွေဆီပို့ပြီး ပညာရေးကို ဆောင်ရွက်ရတယ်လို့ သိရပါတယ်။ သားသမီးများမြို့ပို့ စာမသင်နိုင် သူတွေကတောအရပ်မှာပဲ ပညာ ရေးနဲ့ အလှမ်းဝေးနေတယ်လို့ သိရ ပါတယ်။ တချို့လည်း ကိုယ့်ကလေး ကို မိမိတတ်သလောက်ပြန်သင် ပေးကြရပါတယ်။

          “ရွာမှာ မူလတန်းရှိတယ်။ အ လယ်တန်းရောက်မှ တခြားကျောင်း သွားတက်ကြတာ။ ရွာကနေ မနက် ဆိုစက်ဘီးတွေ ထမင်းချိုင့်တွေနဲ့ ကျောင်းသွားတက်။ ညနေမှပြန် လာကြတာ။ ခုကတော့ ကျွန်တော် တို့ရွာဘက်တွေက သိပ်မအေးချမ်း တော့ ဆရာဆရာတွေက စာလာမ သင်ရဲကြဘူး။ ကျောင်းလည်းပိတ် ထားရတာကြာပြီ။ ကလေးတွေက တော့ မြို့ပို့သင်ရတာပေါ့ဗျာ” လို့ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာမှဒေသခံတစ်ဦးက ပြောပြ ပါတယ်။

          တောအရပ်ဒေသမှာ အဆင် မပြေခြင်းတွေက မြို့အထိကူးစက် လာတာကြာပါပြီ။ ပညာရေးနဲ့ကျန်း မာရေးကဏ္ဍတွေမှာ သိပ်မသာပေ မဲ့စီးပွားရေးလုပ်ငန်းက အတော် လေးကျဆင်းသွားပါတယ်။ နယ် ဘက်မှာ လမ်းပိုင်းမလုံခြုံဘူးဆိုရင် ကားတွေမလာနိုင်လို့ အရောင်းအ ၀ယ်အေးစက်တဲ့ရက်တွေ မနည်း တော့ပါဘူး။ ပခုက္ကူမြို့ရဲ့မြို့မဈေး ဟာ ယခင်က မနက်မိုးလင်းပြီဆို တာနဲ့ ဈေးဝယ်ဈေးသည်အပြည့်။ ဈေးပိတ်မှပဲ အရောင်းအ၀ယ်နား ပြီး ကုန်တင်ကုန်ပို့လုပ်ခဲ့ကြတာပါ။ ယခုတော့ နံနက် ၉ နာရီလောက်မှ အရောင်းအ၀ယ်စပြီး မွန်းတည့် ၁၂ နာရီလောက်ဆို ဈေးမှာလူကရှင်းစ ပြုနေပါပြီ။

          “ပြီးခဲ့တဲ့ တစ်ပတ်လောက်က ပခုက္ကူနဲ့ ကမ္မ လမ်းပိုင်းမကောင်းလို့ ကားတွေမလာကြဘူး။ ကားတွေမ လာတော့ ဈေးလည်းမရောင်းရဘူး။ ကမ္မဘက်ကပို့တဲ့ ကုန်စိမ်းတွေ လည်းမ၀င်ဘူး။ ခရမ်းချဉ်သီး တစ် ပိဿာ ၄၀၀၀ ကျော်သွားတယ်။ စီး ပွားရေးက တောနဲ့မြို့က ကိုင်းကျွန်း မှီကျွန်းကိုင်းမှီပဲ။ ဒီလိုကာလ ဘယ် လောက်ကြာဦးမယ်မသိဘူး” လို့ ပခုက္ကူမြို့မှ ရောင်းဝယ်သူတစ်ဦး ကပြောပါတယ်။

          အရောင်းအ၀ယ် အေးစက်မှု နဲ့အတူ နေ့စဉ်ဝင်ငွေဟာလည်း လျော့ကျလာချိန်မှာ အထွေထွေ ကုန်ဈေးနှုန်းကြီးမြင့်မှုက အခြေခံ လူတန်းစားတွေကို ၀န်ထုပ်ဝန်ပိုး           ပိုဖြစ်စေလာပါတယ်။ အခြေခံစား သောက်ကုန်ဈေးနှုန်း မြင့်တက်မှု ဟာ မတည်ငြိမ်မှုကြုံတွေ့နေတဲ့ အ ညာဒေသက ဒေသခံတွေပိုပြီးခံ စားရပါတယ်။ ယခင် ဆန်တစ်အိတ် သုံးသောင်းကျပ်ဝန်းကျင်ဟာ ယခု ဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်။ ဆီဈေးနှုန်းလည်း အလားတူပါပဲ။

          “ကုန်ဈေးနှုန်းကတော့ကြောက် စရာကောင်းလောက်အောင် တက် နေတာ။ အရင်က နှမ်းတစ်တင်း ရောင်းရင် ဆန်နှစ်အိတ်ပြန်ဝယ်လို့ ရတယ်။ ခုတော့ နှမ်းတစ်တင်းရောင်း ရင် ဆန်တစ်အိတ်ရဖို့တောင်မသေ ချာဘူး။ နှမ်းတစ်တင်းမှ တစ်သိန်း ပြည့်အောင်မရဘူး။ ဆန်ဈေးက ဆန်ကြမ်းတောင် တစ်အိတ်ကိုး သောင်း -တစ်သိန်းပေးရတယ်။ ဒါ တောင် ရွာရောက်ဖို့သယ်ယူစရိတ် ထပ်ကုန်ဦးမှာ။ ခုနေကတော့ကြည့် ၀ယ်ကြည့်စားပဲ”  လို့ ပခုက္ကူမြို့နယ် မှ တောင်သူကပြောပါတယ်။

          ယခုနှစ် စိုက်ပျိုးရာသီကတော့ တောင်သူများ စိုက်ပျိုးပြီးကြပါပြီ။ ရိတ်သိမ်းချိန်ရောက်ရင် အေးချမ်း စေဖို့ ဆုတောင်းနေကြမှာတော့အ သေအချာပါ။ ယခုနှစ်တောအရပ် ဒေသမှာ ပညာရေးအတွက်ကတော့ အဆင်ပြေမယ့် အနေအထားမရှိ နိုင်သေးပါဘူး။ အခြားတည်ငြိမ် သော အရပ်ဒေသများနဲ့ ယှဉ်ကြည့် ရင်အညာမြေက နောက်ကျကျန်ဦး မှာပါပဲ။

          အားလုံးမျှော်လင့်တဲ့ အေးချမ်း သောနေ့ကို အမြန်ဆုံးရောက်ရှိပါ စေကြောင်းသာ ဆုတောင်းနေရပါ တယ်။