မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ဆွေးနွေးပြီးနောက် ရေထွက်ပစ္စည်း ၁၀ မျိုး တင်သွင်းခွင့်ပိတ်ထားမှု အကန့်အသတ်မရှိ ပြန်လည်ရွှေ့ဆိုင်း

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ဆွေးနွေးပြီးနောက် ရေထွက်ပစ္စည်း ၁၀ မျိုး တင်သွင်းခွင့်ပိတ်ထားမှု အကန့်အသတ်မရှိ ပြန်လည်ရွှေ့ဆိုင်း
Published 29 June 2024

မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး နှင့်တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်း အဖွဲ့ချုပ်တို့ ဆွေးနွေးပြီးနောက် ရေထွက် ပစ္စည်း ၁၀ မျိုးတင်သွင်းခွင့်ပိတ်ထားမှုအားထိုင်းဘက်မှအကန့်အသတ် မရှိပြန်လည်ရွှေ့ ဆိုင်းလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့်ပြီးခဲ့သည့်ရက်ပိုင်း ကမြန်မာနိုင်ငံမှ တင်သွင်းလျက်ရှိသော ရေ ထွက် ပစ္စည်း ၁၀ မျိုးတင်သွင်းခွင့်ကို ဇူလိုင် လမှစတင်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ယာယီဆိုင်းငံ့လိုက်ကြောင်း ပရာကျွတ်ခီရီ ခံခရိုင် လက်ထောက်ခရိုင်ဝန်က ကြေညာ ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကြေညာချက်ထွက်ပေါ်လာပြီး နောက် မြိတ်မြို့သို့ရောက်ရှိနေသည့် မြန် မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီးအား တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်ဌာန ဆိုင်ရာများ က ဇွန်လ ၂၈ ရက်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“မောတောင် -ဆင်းခွန် နယ်စပ်ဂိတ် ကနေ ကင်းမွန်၊ပလာတူး၊ငါးမဲလုံးစတဲ့ ငါး တွေ အပါအဝင် ရေထွက်ပစ္စည်း ၁၀ မျိုးကို တင်သွင်းခွင့် ယာယီဆိုင်းငံ့လိုက်ကြောင်း ပရာကျွတ် လက်ထောက်ခရိုင်ဝန် က အစည်း အဝေးဆုံးဖြတ်ချက်အရဆိုပြီး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်၊ ဒီလိုဖြစ်စဉ်ကြောင့် မောတောင်ကုန်သွယ်မှု ကျဆင်းသွားနိုင် သလို မြိတ်ခရိုင်အတွင်းက ရေလုပ်ငန်းရှင် တွေ၊ ဒေသခံ တံငါသည်တွေ၊ အအေးခန်းလုပ် ငန်းတွေ အားလုံးထိခိုက်သွားနိုင်သလိုဆက် စပ်နေတဲ့ အလုပ်သမားတွေလည်း အလုပ် အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင် တယ်၊ ဒီဆိုင်းငံ့ချက်ကို ဖြေလျော့ပေးဖို့ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကိုဆွေးနွေး ခဲ့ရာမှာ ထိုင်းသံအမတ်ကြီးက ထိုင်းနိုင်ငံ ဘက်က သက်ဆိုင်ရာဌာနတွေကို ပြန်လည် မေးမြန်းခဲ့တယ်၊ ထိုင်းနိုင်ငံ၊ပရာကျွတ်ခီရီခံ ခရိုင်လက်ထောက် ခရိုင်ဝန်ကလည်း ယာယီ ဆိုင်းငံ့မှုကို  ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း လိုက်ကြောင်းကြေညာချက် ပြန်လည်ထုတ် ပြန်လိုက်ပါတယ်” ဟု အစည်းအဝေးတက်   ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံဘက်မှရေထွက်ပစ္စည်း ၁၀ မျိုးတင်သွင်းခွင့် ယာယီဆိုင်းငံ့လိုက်သည့် ဆုံးဖြတ်ချက်မှာ ကုန်သွယ်မှု လျော့ကျသွား နိုင်သလို မြိတ်-ပရာကျွတ်ခီရီခံ မောင်နှမ မြို့တော် ချစ်ကြည်ရေးကိုလည်းအလေးထား သင့်ကြောင်း ထိုင်းသံအမတ်ကြီးကဆိုသည်။

“မြိတ်ကနေ ရေထွက်ပစ္စည်းတွေကို မောတောင်-ဆင်းခွန်ကနေ တင်သွင်းနေ တာကို ထိုင်းနိုင်ငံ၊ရနှောင်းမြို့က ငါးအ ဝယ် ဒိုင်တွေက မနှစ်မြို့ကြဘူး၊ဆင်းခွန်ဘက်ကနေတရုတ်၊ဗီယက်နမ် စတဲ့စျေးကွက်တွေကို တိုက်ရိုက် တင်ပို့လို့ရတဲ့အတွက်စျေးကောင်း ရပါတယ်။ ထိုင်းနိုင်ငံ၊ ရနောင်းဘက်က မြန် မာနိုင်ငံကနေ သွားရောက် ရောင်းချတဲ့ငါး မျိုးစုံကိုသူတို့စျေးနှိမ်ကြတယ်။ ဥပမာ ပြော ရရင် ကင်းမွန် တစ်ကီလိုကို ရနောင်းမှာ ရောင်း တာထက်ဆင်းခွန်မှာရောင်းရင်ဘတ် ၁၀၀ အထိစျေးကွာနေတာ။ အဲဒါကိုရနောင်း က သူတို့စျေးနှိမ်လို့ မရတာနဲ့ ပရာကျွတ် ခရိုင်ဝန်ကို ဖိအားပေးပြီး ရေထွက်ပစ္စည်း တွေကို မြန်မာဘက်ကနေတင်သွင်းတာ ရပ်ဆိုင်းပေးဖို့လုပ်ဆောင်တာဖြစ်တယ်။ ဒါတွေ အားလုံးကို ကျွန်တော်တို့သိထားပြီးပြီ။ အခု ပြန်လည်ဖွင့် ပေးမယ်ဆိုတော့ရေလုပ်ငန်းရှင် တွေရော၊ တံသည်တွေနှင့်အလုပ်သမားတွေ အတွက်ပါ ပြန်အဆင်ပြေသွားနိုင်တယ်။ မဟုတ်ရင် အတော် ဒုက္ခ ရောက်သွားနိုင် တယ် “ ဟု မောတောင်-ဆင်းခွန်မှ ရေထွက် ပစ္စည်းတင်ပို့နေသူတစ်ဦးကပြောကြား သည်။

တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက် ပစ္စည်းစျေးကွက်ကို ထိုင်း  နိုင်ငံ၊ရနောင်းမြို့ မှချုပ်ကိုင်ထားသည်မှာဆယ်စုနှစ် လေးခုခန့် ရှိပြီဖြစ်ပြီး ယခုလည်း ထိုင်းနိုင်ငံရှိ ငါးဖမ်း လုပ်ငန်းရှင်များက တင်ပြတောင်းဆိုခဲ့ ကြောင်း ပရာကျွတ်ခရိုင်ဝန်၏သဘောထား ဖြင့် ထုတ်ပြန်ခဲ့ခြင်းမဟုတ်ကြောင်း လက် ထောက်ခရိုင်ဝန်မှပြန်လည်ပြောကြားသည်။

ဇွန်လ ၇ ရက်တွင် ပြုလုပ်ခဲ့သော အ စည်း အဝေးဆုံးဖြတ်ချက်အရ တင်သွင်းခွင့် ဆိုင်းငံ့ခြင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခု အခါ အဆိုပါထုတ်ပြန်ခြင်း ရက်အကန့်အ သတ် မရှိပြန်လည်ရွှေ့ဆိုင်း လိုက်ပြီဖြစ်သည့် အတွက် မြိတ်ခရိုင်မှထွက်ရှိသည့်ရေထွက် ပစ္စည်းများကို မောတောင်-ဆင်းခွန်ဂိတ်မှ ပုံမှန်အတိုင်း ဆက်လက် တင်ပို့နိုင်ပြီဖြစ် ကြောင်း သိရသည်။                  

 ဇော်မိုးဦး(မြိတ်)

Most Read

Most Recent