FIFA-MFF ယူ-၁၇ လိဂ် ပြိုင်ပွဲ ပွဲစဉ်(၂၁) အပြီးတွင် ရခိုင်အသင်း ဆက်လက်ဦးဆောင်

FIFA-MFF ယူ-၁၇ လိဂ် ပြိုင်ပွဲ ပွဲစဉ်(၂၁) အပြီးတွင် ရခိုင်အသင်း ဆက်လက်ဦးဆောင်
Photo: RUFC
Photo: RUFC
Published 1 July 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူပေါင်း၍ ၂၀၂၄  FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲကို ကျင်းပပြုလုပ်နေပြီး ပွဲစဉ်(၂၁) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့ ကြောင်း သိရသည်။

ပွဲစဉ်(၂၁) ကို ပြီးခဲ့သည့် ဇွန် ၂၈၊ ၂၉၊ ၃၀ ရက်များတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်(၂၁) တွင် ရခိုင်ယူနိုက်တက်အသင်းက နေပြည်တော်ယူနိုက်တက်အသင်းကို(၂-၁) ဂိုး၊ ရှမ်းအသင်းက အာသာဝတီအသင်းကို(၄-၁) ဂိုး၊ မအူပင်အသင်းက ရွိုင်ရယ်ရန်ကုန်အသင်းကို(၁-၀) ဂိုး၊ အင်းစိန်စီးတီးအသင်းက ဖားစည်မြေအသင်းကို (၃-၁) ဂိုး၊  Burmese Youth အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို(၃-၂) ဂိုး၊  ဆုလာဘ်မြင့်မိုရ်အသင်းက စီးတီးရွှေပြည်သာအသင်းကို(၂-၁) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပွဲစဉ် (၂၁) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက  (၁၇) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၁) ပွဲရှုံး၊ ရမှတ်(၅၄) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ရှမ်းအသင်းက (၁၇) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ်(၅၃) မှတ်ဖြင့် ဒုတိယနေရာမှလိုက်ကာ ဖိအားပေးနေလျက်ရှိသည်။

ပြိုင်ပွဲနောက်ဆုံးပွဲစဉ်(၂၂) တွင် ရှမ်းအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ တွေ့ဆုံနေလျက်ရှိသည်။

Most Read

Most Recent