ကစားသမားဘဝမှ အနားယူဖွယ်မရှိသေးကြောင်း ရီးယဲလ်ဝါရင့်ကွင်းလယ်လူ မိုဒရစ် ပြောကြား

ကစားသမားဘဝမှ အနားယူဖွယ်မရှိသေးကြောင်း ရီးယဲလ်ဝါရင့်ကွင်းလယ်လူ မိုဒရစ် ပြောကြား
Photo: AFP
Photo: AFP
Published 3 July 2024

 

ရီးယဲလ်မက်ဒရစ်အသင်း၏ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်က ကစားသမားဘဝမှ အနားယူရန်အစီအစဉ်မရှိ သေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ခရိုအေးရှားကွင်း လယ်လူ မိုဒရစ်သည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မိုဒရစ်က "ကျွန်တော့်ဘဝရဲ့ အပျော်ရွှင်ရဆုံးနဲ့ ဂုဏ်အယူရဆုံးအခိုက်အတန့်တွေက မြက်ခင်းစိမ်းပေါ်မှာ ရှိခွင့်ရတဲ့ အချိန်တွေပါပဲ။ ဒီပြိုင်ပွဲ (ယူရို)မှာတော့ ကောင်းမွန်တဲ့အရာတွေကို မခံစားခဲ့ရဘူး။ ဒါပေမဲ့ ရလဒ်တွေက ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားဘဝကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်"ဟု ဆိုခဲ့သည်။

Most Read

Most Recent