ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် လေးပေခန့်၊ ရွှေကူမြို့တွင် သုံးပေခန့်နှင့် ကသာမြို့တွင် တစ်ပေခန့် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေ

ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် လေးပေခန့်၊ ရွှေကူမြို့တွင် သုံးပေခန့်နှင့် ကသာမြို့တွင် တစ်ပေခန့် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေ
Published 4 July 2024

ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် လေးပေခန့်၊ ရွှေကူမြို့တွင် သုံးပေခန့်နှင့် ကသာမြို့တွင် တစ်ပေခန့် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း ဇူလိုင် ၄ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဇူလိုင် ၄ ရက် နေ့ လယ် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် စိုးရိမ် ရေမှတ်အထက်သို့ လေးပေခန့် ကျော်လွန် ရောက် ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင် ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် လည်း ကောင်း၊ ရွှေကူမြို့တွင် စိုးရိမ်ရေမှတ်အထက် သို့ သုံးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆို ပါမြစ်ရေသည် လာမည့် တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ကသာ မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေ သည် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ် အထက်လည်းကောင်း အသီးသီးဆက် လက် တည်ရှိနိုင်ကြောင်း သိရသည်။

ထို့အတူ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့ တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ကျော် လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့် တက် လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်လည်းကောင်း၊ ဟုမ္မလင်းမြို့တွင် စိုး ရိမ်ရေမှတ်အထက်သို့ လေးပေခွဲခန့် ကျော် လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာ မည့်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက် လာ နိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အ ထက် လည်းကောင်း၊ ဖောင်းပြင်မြို့တွင် စိုးရိမ် ရေမှတ်အထက် သုံးပေခွဲခန့် ကျော်လွန်ရောက် ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ် ရက် အတွင်း သုံးပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် လည်း ကောင်း အသီးသီး ဆက်လက်တည်ရှိနိုင် ကြောင်း သိရသည်။

ယင်းအပြင် ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အောက် သုံးပေခန့်တွင် ရောက်ရှိနေပြီး အဆိုပါ မြစ် ရေ သည် လာမည့်တစ်ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်သို့လည်းကောင်း၊ ကလေးဝ မြို့တွင် စိုးရိမ်ရေမှတ်အောက် ခုနစ်ပေခွဲခန့် တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေ မှတ်သို့လည်းကောင်း၊ မင်းကင်းမြို့တွင် စိုးရိမ် ရေမှတ်အောက် ခြောက်ပေခန့်တွင် ရောက်ရှိ နေပြီး အဆိုပါမြစ်ရေသည် လာမည့်သုံးရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့လည်း ကောင်း၊ မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အောက် ငါးပေခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေ သည် လာမည့်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ အသီးသီးရောက်ရှိ နိုင် ကြောင်း သိရသည်။

အလားတူ နန့်ယင်းချောင်းရေသည် မိုး ကောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံး ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါ ချောင်းရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ကြောင်း၊ နန့်ကောင်းချောင်းရေသည် မိုးကောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက် အ တွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ ယင်း မြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent