လျှပ်စစ်မီး ပြတ်တောက်မှု၊ လုပ်သားအင်အား အခက်အခဲနှင့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ၏ အလားအလာ

လျှပ်စစ်မီး ပြတ်တောက်မှု၊ လုပ်သားအင်အား အခက်အခဲနှင့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ၏ အလားအလာ
Published 7 July 2024

ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်ငန်းလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

အာဆီယံထုတ်လုပ်ရေးလုပ် ငန်းအခြေအနေများ ထပ်မံ၍ တိုး တက်လာကြောင်း ၂၀၂၄ ခုနှစ် ဇွန် လအတွက် ထုတ်ပြန်သည့် S & P Global အာဆီယံ ထုတ်လုပ်မှု PMI စစ်တမ်းတွင် ဖော်ပြထား သည်။

S & P Global အာဆီယံ ထုတ်လုပ်မှု (PMI) ကို S & P Global သည် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများရှိထုတ်လုပ် သူစုစုပေါင်း ၂၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးသည့်မေး ခွန်းလွှာများအတွက်ရရှိခဲ့သည့် ဖြေ ကြားချက်များကို အခြေခံတွက်ချက် ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်မူ လာမည့် ၁၂ လအတွင်း ထုတ်လုပ်ရေး အလားအလာ တိုးတက်မှုကိုမြင်         ရမည်မဟုတ်ဟု ကုန်ထုတ်လုပ်ငန်းရှင်များက မျှော်မှန်းကြကြောင်း ၂၀၂၄ ခုနှစ် ဇွန်လအတွက် ထုတ် ပြန်သည့် ထည့်ကုန်ဝယ်ယူရေးမန် နေဂျာများ၏ အညွှန်းကိန်း Purchasing Manager's Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

S & P Global  မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့တစ်ခုမှ ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကိုအ ခြေခံပြီး တွက်ချက်ထားခြင်းဖြစ် ကြောင်းသိရသည်။

နှစ်လယ်ပိုင်းသို့ ရောက်ရှိလာ ချိန်တွင် မြန်မာနိုင်ငံရှိထုတ်လုပ် ရေးကဏ္ဍတစ်ဝန်းတွင် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ပိုမို တိုးတက်မှုရှိလာကြောင်း မြန်မာ နိုင်ငံအတွက် နောက်ဆုံးရ PMI ဒေတာတွင် ပြသခဲ့သည်။

သို့သော်လည်း အမှာစာအ သစ်များတိုးပွားမှုသည် တစ်လတာ အတွင်းငြိမ်နေခဲ့ပြီး ထုတ်လုပ်ရေး လျော့ကျမှုကြောင့် ဦးမော့မှုပြန် လည်ကျဆင်းခဲ့သည်။ ထို့ပြင် ပေးပို့ ချိန်များနှင့် လက်ကျန်အလုပ်များ မှာ ဇွန်လတွင်ဆက်လက်မြင့်တက် ခဲ့ကြောင်း ထောက်ပ့ံရေးအပိုင်းမှ စိန်ခေါ်မှုများက ပြနေပြီး အလုပ် ဖြတ်တောက်မှုသည် အလွန်များ ပြားနေဆဲဖြစ်ခဲ့ကြောင်း ဖော်ပြ ထားသည်။

နောက်ဆုံးတွေ့ရှိချက်များက လည်း ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများ တိုးလာသည်ကို ပြသခဲ့ ကြောင်း၊ ကုန်ကျစရိတ်ဝန်ထုပ်ဝန် ပိုးများနှင့် စက်ရုံထုတ်စျေးအဖိုးအခများ နှစ်မျိုးစလုံးသည် ဇွန်လ အတွင်း အရှိန်ကောင်း၍ များပြား သောနှုန်းများဖြင့် မြင့်တက်ခဲ့သည်။

ထုတ်လုပ်မှုစွမ်းဆောင်ရည် ၏ပေါင်းစပ်ထားသော တစ်ခုတည်း သော အညွှန်းကိန်း  S & P Global မြန်မာထုတ်လုပ်မှု PMI သည် ဇွန် လတွင် အလယ်မှတ် ၅၀ ဒသမ ၀ စံနှုန်းအထက်၌ ရှိခဲ့ပြီး ယင်းက ထုတ်လုပ်ရေး အခြေအနေများ တွင် နှစ်လဆက်တိုက်တိုးတက်မှုရှိ ခြင်းကို ပြသနေသည်။ ဧပြီလတွင် ကိုးလအတွင်း အမြင့်ဆုံးဖြစ်သော ၅၂ ဒသမ  ၁ ရှိခဲ့ရာမှ ၅၀ ဒသမ ၇ သို့ပြန်ကျလာသည့်တိုင် မြန်မာနိုင်ငံ ရှိ ထုတ်လုပ်ရေးကဏ္ဍ၏အခြေ အနေ ကောင်းမွန်မှုတွင် တိုးတက်မှု သည် အလုံးစုံအားဖြင့် အနည်းအ ကျဉ်းသာဖြစ်ခဲ့ကြောင်း နောက်ဆုံးရ ကိန်းဂဏန်းများက ပြသခဲ့သည်။

လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများသည် ဇွန်လတွင် အမှာ စာအသစ်များ မြင့်တက်မှုကြောင့် အလုံးစုံအားဖြင့် အဓိကတိုးတက်မှု ရခဲ့သည်။ ပြည်တွင်းရှိ တိုက်ပွဲများ လတ်တလော မြင့်တက်လာမှု၏ရ လဒ်ဖြစ်သော ဝယ်လိုအားလျော့ကျ မှုကာလတစ်ခုနောက်တွင် စက်ရုံ အမှာစာများသည် သုံးလဆက်တိုက် တိုးပွားလာခဲ့သည်။ မေလမှစ၍တိုး မြင့်မှုနှုန်း လျော့ပါးလာခဲ့သော်လည်း အလုံးစုံအားဖြင့် ခိုင်မာခဲ့သည်။

ရောင်းချမှုများတွင် တိုးတက် မှုအနည်းငယ်ရှိခြင်းက အချို့သော လုပ်ငန်းများတွင် ထုတ်လုပ်ရေးမြင့် တက်စေရန် အထောက်အကူဖြစ် စေခဲ့သည်။ သို့သော် ဧပြီနှင့်မေလ တို့တွင် ထုတ်လုပ်ရေးမြင့်တက်ခဲ့ပြီး နောက် ဆက်လက်တည်ရှိနေသော ထောက်ပ့ံရေးအပိုင်းမှ စိန်ခေါ်မှု များနှင့် အလုပ်သမားရှားပါးမှုများ က အလုံးစုံလျော့ကျမှုအနည်းငယ် ဖြစ်စေခဲ့သည်ဟု သိရသည်။

“ထောက်ပံ့ရေးကွင်းဆက် တွေမှာ ကြီးကြီးမားမားအနှောင့်အ ယှက်ရှိတာ၊ စွမ်းအင်ပြတ်တောက် မှုတွေကို မကြာခဏကြုံရတာနဲ့ ထည့်ကုန်ရှားပါးမှု အစီရင်ခံစာ တွေနဲ့အတူ ကဏ္ဍအပေါ်မှာဝရုန်း သုန်းကား အခြေအနေရဲ့ သက် ရောက်မှုက ကြီးကြီးမားမားထိခိုက် ပျက်စီးစေပါတယ်။ ဒါ့အပြင် ဒီနှစ် အစောပိုင်းမှာ အစိုးရက စစ်မှုထမ်း ဥပဒေကို စတင်လုပ်ဆောင်ခဲ့ခြင်း က ပြည်တွင်းမှာရော ပြည်ပမှာပါ ပြောင်းရွှေ့နေထိုင်မှုကို ပိုမိုပြင်း ထန်စေခဲ့ပြီး ဆိုးဆိုးရွားရွားလုပ် သားရှားပါးမှုတွေကို ဖြစ်စေခဲ့ပါ တယ်” ဟု S & P Global Market Intelligence မှ စီးပွားရေး ပါရဂူ Maryam Baluch က ပြောကြားခဲ့ သည်။

ကုန်ပစ္စည်းပြတ်လပ်မှုများသည် ထောက်ပံ့ရေးအပိုင်းမှစိန်ခေါ်မှုများနောက်ကွယ်ရှိ အဓိက အကြောင်းရင်းများအနက် တစ်ခု ဖြစ်ခဲ့ပြီးပေးပို့ချိန်များကို ပိုမိုကြာ ရှည်စေကာလက်ကျန်အလုပ်များ (ဆိုလိုသည်မှာ မပြီးစီးသေးသော အလုပ်) ပိုများစေခဲ့သည်။

အလုပ်ပမာဏများကို မြင့် တက်စေသော အခြားသက်ဆိုင် သည့်အချက်များမှာ လျှပ်စစ်မီးပြတ် တောက်မှုများနှင့် အလုပ်သမား ရှားပါးမှုများဖြစ်ပြီး ၎င်းင်းတို့သည် ဆက်လက်ဖြစ်ပွားနေဆဲ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေကြောင့် ဖြစ်ပေါ်လာသော ကာလရှည်ကြာ ပြီဖြစ်သည့် ပြဿနာများဖြစ်ကြ သည်။

ပထမနှစ်ဝက် ကုန်ဆုံးချိန် တွင် အခြားစိုးရိမ်ဖွယ်ရာတိုးတက် မှုမှာ စျေးနှုန်းဖိအားပိုမိုပြင်းထန် လာခဲ့ခြင်းဖြစ်သည်။ စစ်တမ်း ကောက်ယူထားသော အဖွဲ့ဝင်များ ၏အဆိုအရ ကျပ်ငွေတန်ဖိုးပိုမိုနိမ့် ကျမှုက ကုန်ကြမ်းပစ္စည်းကုန်ကျစ ရိတ် ဆက်လက်မြင့်တက်မှုကိုဖြစ် စေခဲ့သည်။ ကုန်ကျစရိတ်ဝန်ထုပ် ဝန်ပိုးများသည် ဇွန်လတွင်သိသာစွာ မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေး ကုမ္ပဏီများက သတ်မှတ်သော ထုတ်လုပ်ရေးစရိတ်များ အပေါ် မြင့်မားသော ကုန်ကျစရိတ်များ၏ သက်ရောက်မှုကလည်း အတော်အ တန်ကြီးမားခဲ့သည်။ သက်ဆိုင်ရာ ရာသီအလိုက် ချိန်ညှိထားသောအ ညွှန်းကိန်းသည် မေလမှဇွန်လအ တွင်းမြင့်တက်ခဲ့ကာ ၂၁ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။

“ဒါ့အပြင် ဒေါ်လာနဲ့နှိုင်းယှဉ်ရင် ကျပ်ငွေစျေးကဆက်လက် လျော့ကျနေပြီး စျေးနှုန်းတွေအ ပေါ် သက်ရောက်မှုက အထူးသဖြင့် လတ်တလောလတွေမှာ စိုးရိမ်ဖွယ် ရာဖြစ်ပါတယ်။ ကုန်ကျစရိတ်ဝန် ထုပ်ဝန်ပိုးတွေက သိသာထင်ရှား တဲ့နှုန်းတွေနဲ့ မြင့်တက်နေပြီး အဖိုး အခတွေက အခုလိုပဲသိသိသာသာ ဆက်လက်မြင့်တက်နေမယ်ဆိုရင် လွန်ခဲ့တဲ့စစ်တမ်းကာလသုံးခုအ တွင်း ကဏ္ဍမှာ တွေ့မြင့်ခဲ့ရတဲ့အ ကန့်အသတ်ရှိတဲ့ ဘယ်ဝယ်လိုအား မဆိုက ထပ်မံပြီးလျော့နည်းသွား နိုင်ပါတယ်”ဟု S & P Global Market Intelligence မှ စီးပွားရေး ပါရဂူ Maryam Baluch က ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး သည် ကုန်ထုတ်လုပ်မှုအပေါ်အ ဟန့်အတားဖြစ်စေသည့် ပဋိပက္ခ၊ မေခရိုစီးပွားရေး မတည်ငြိမ်မှုနှင့် နေရပ်ရွှေ့ပြောင်းရမှုတို့ကြောင့် စိန်ခေါ်မှုများနှင့် ဆက်လက်ရင် ဆိုင်နေရပြီး စီးပွားရေးတိုးတက်မှု မှာ ဆက်လက်နှေးကွေးနေမည်ဟု ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်က ထုတ် ပြန်သည့် ကမ္ဘာ့ဘဏ်၏မြန်မာ့စီး ပွားရေး စောင့်ကြည့်လေ့လာမှုအ စီရင်ခံစာအရသိရသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွား ရေးစောင့်ကြည့်လေ့လာမှု အစီရင် ခံစာအရ မတ်လ ၂၀၂၅ နှစ်အထိ တစ်နှစ်တာကာလ ပြည်တွင်းထုတ် လုပ်မှုတန်ဖိုးသည် တစ်-ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းသည်။ ယင်းမှာ          ယခင်နှစ်က ခန့်မှန်းချက်များနှင့် ကိုက်ညီမှုရှိသော်လည်း ၂၀၂၃ ခု နှစ် ဒီဇင်ဘာလတွင်ခန့်မှန်းခဲ့သည့် နှစ်-ရာခိုင်နှုန်းအောက် လျော့နည်း သည်။

စီးပွားရေးထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်ကရှိခဲ့သည့် အနေအ ထားအောက်တွင် ကိုး-ရာခိုင်နှုန်း ဆက်လက်ရှိနေမည်ဟု ခန့်မှန်း ထားပြီး ယင်းမှာဒေသတွင်းရှိအ ခြားတိုင်းပြည်စီးပွားရေးများနှင့် နှိုင်းယှဉ်ကြည့်ပါက သိသာထင်ရှား သည့် ကွာဟချက်ဖြစ်သည်။

အဆိုအစီရင်ခံတွင် မြန်မာ့စီး ပွားရေးနှင့် မြန်မာပြည်သူများရင် ဆိုင်နေရသည့် စိန်ခေါ်မှုများစွာကို တင်ပြထားသည်။

ငွေကြေးဖောင်းပွနှုန်းနှင့် အ လုပ်လက်မဲ့နှုန်းများ ဆက်လက် မြင့်တက်နေဖွယ်ရှိသည့်အတွက် ဆင်းရဲမှုအခြေအနေမှာ မြန်မာနိုင် ငံအနှံ့အပြားတွင် ဆိုးရွားနေမည် ဖြစ်သည်။

သွင်းကုန်များပြတ်လတ်မှု၊ လုပ်သားစျေးကွက်မတည်ငြိမ်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု များကလည်း ကုန်ထုတ်လုပ်ရေး လုပ်ငန်းများကို အတားအဆီးဖြစ် စေသည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

စီးပွားရေးအလုံးစုံစွမ်းဆောင်ရည်နှင့် ဆက်လက်ဖြစ်ပွားနေဆဲ နိုင်ငံရေးမရေရာမှုက အနာဂတ် ထုတ်လုပ်ရေးအဆင့်များနှင့် ပတ် သက်၍အကောင်းမြင်သည့် သဘော ထားသည် မေလတွင် လုံးဝပျောက် ကွယ်လုနီးပါး ဖြစ်ခဲ့ကြောင်း ဆိုလို သည်။ စစ်တမ်းကောက်ယူခဲ့သော ထုတ်လုပ်ရေးလုပ်ငန်းအများစုက လာမည့် ၁၂ လအတွင်း ထုတ်လုပ် ရေးအလားအလာ တိုးတက်မှုကို မြင်ရမည်မဟုတ်ဟု မျှော်မှန်းကြ ကြောင်း ထည့်ကုန်ဝယ်ယူရေးမန် နေဂျာများ၏ အညွှန်းကိန်း Purchasing Manager's Index (PMI) စစ်တမ်းတွင် ဖော်ပြထား သည်။                

  ■