မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ ထပ်ဖြစ်ဦးမှာလား

မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ ထပ်ဖြစ်ဦးမှာလား
 ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (Photo: ရာမည Rescue)
 ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (Photo: ရာမည Rescue)
Published 18 August 2024
ဘိုဘိုမြင့်

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်အတွင်းကစလို့ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ တောင်ကျရေကျတဲ့အတွက် ကြောင့် မြို့နယ်အများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တိုင်းတာချက်တွေအရ ဘီးလင်းမြစ်ရေ ဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်ဖြစ်တဲ့ ၁၀၂၂ စင်တီမီတာကို ကျော်လွန်ပြီး ၁၀၂၅ စင်တီမီတာသို့ ရောက်ရှိနေတဲ့အတွက် ဘီး လင်းမြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာ တွေ၊ ဘီးလင်းမြို့ပေါ်နဲ့ ဘီးလင်းမြို့အောက် ပိုင်းမှာရှိတဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံ မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

 ဘီးလင်းမြစ်ရေလျှံမှုကြောင့် ဘီးလင်း မြို့အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်ကြသူ တွေအနေနဲ့ ယာယီရေဘေးရှောင်စခန်းတွေ ဆီကို ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့ရသလို ရေဘေးရှောင်ပြည်သူတွေကို မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့နဲ့ ဒေသခံလူမှုကူညီကယ်ဆယ် ရေးအဖွဲ့တွေက ကူညီပြောင်းရွှေ့ပေးခဲ့ကြ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘီးလင်းမြို့အောက်ပိုင်းမှာရှိတဲ့ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စုအ တွင်းမှာလည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါ တယ်။ သထုံမြို့နယ်အတွင်းမှာလည်း ဒုံသမိ မြစ်ရေလျှံမှုကြောင့် ဇူလိုင်လ တတိယပတ် မှစတင်ကာ မြစ်ရိုးတစ်လျှောက်ရှိ စခန်းကြီး၊ စျေးမသွယ်၊ ထောင်မှူး၊ ဒူးရင်းဆိပ်၊ ကြာပန်း၊ ကြက်တူရွေးတောင်၊ ရှမ်းစု၊ ဒလပန်း၊ အင် ကြင်းကုန်းအစရှိတဲ့ ကျေးရွာတွေမှာ ရေကြီး ရေလျှံမှုများဖြစ်ပွားနေကြောင်း ဒေသခံတွေ ထံမှ သိရပါတယ်။

“ဒီနှစ်ရေကြီးတာက ခါတိုင်းနှစ်ထက် ပိုများတယ်။ အရင်နှစ်တွေက မမြုပ်တဲ့နေရာ တွေပါ ရေဝင်တာမျိုးတွေရှိခဲ့တယ်။ အတတ် နိုင်ဆုံးတော့ ရေဘေးလွတ်တဲ့နေရာတွေမှာ လျှောက်နေနေကြရတယ်။ အကူအညီတွေက တော့မလာသေးဘူး။ ဒီဘက်ခြမ်းမှာက ဖုန်း လိုင်းလည်းကောင်းကောင်းမမိတော့ ဒေသခံ တွေရေဘေးသင့်နေတာ သိပ်မသိကြဘူးလို့ ထင်ပါတယ်” လို့ ထောင်းမှူးကျေးရွာဒေသ ခံတစ်ဦးက ပြောပါတယ်။

ဒုံသမိမြစ်ရိုးတစ်လျှောက် ရေဘေးသင့် ကျေးရွာတွေမှာ ရေဘေးသင့်ပြည်သူမည်မျှ ရှိနေသည်ကို အတိအကျမသိရကြောင်းနဲ့ တချို့ကျေးရွာတွေက သွားရေးလာရေးခက်ခဲ ကြောင်းကိုလည်း ၎င်းင်းဒေသခံက ဆိုပါတယ်။

အဆိုပါ ရေကြီးရေလျှံမှုများဖြစ်ပွားနေ တဲ့ ဒုံသမိမြစ်ရိုးတစ်လျှောက်ရှိကျေးရွာ တချို့ကိုတော့ သထုံမြို့အခြေစိုက်လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးကူညီ ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခဲ့ကြတယ် လို့ သိရပါတယ်။

ထို့အတူပါပဲ ဇူလိုင်လ တတိယပတ်အ တွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ တောင် ကျရေဆင်းနေတဲ့အတွက် အတ္ထရံမြစ်ရေလျှံ မှုဖြစ်ပွားကာ ကျိုက်မရောမြို့နယ်အတွင်း အတ္ထရံမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ မြို့၊  ရွာတွေမှာ ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပွား ခဲ့ပါတယ်။

ကျိုက်မရောမြို့နယ်အတွင်းရှိ အတ္ထရံ မြစ်ကမ်းဘေးမှာတည်ရှိကြတဲ့ မြို့ကျေးရွာ တွေဖြစ်ကြတဲ့ ချောင်းနှစ်ခွ၊ ဖာသိမ်ကမ်းနား၊ ဦးလေး၊ ငါးပြေမ၊ စံပယ်ဂူ၊ နိတုံ၊ မယ်ဂရို၊ ကွာ ငန်း၊ ဘိန်းဗျောအောက်၊ ပေါလောကုန်း၊ လမု ခိုနှင့် ကျိုက်မရောမြို့ပေါ်ရှိ မြစ်ကမ်းနားအ ပိုင်းများအစရှိသည့် ဒေသတွေမှာရေကြီးရေ လျှံမှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်း ဒေသတချို့နဲ့ ရေးမြို့နယ်ရှိ ရေးမြစ် ဖျားဒေသနဲ့ ခေါဇာမြို့၊ ဟံဂံကျေးရွာများ  အတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါ သေးတယ်။

ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ဘီးလင်း မြစ်ရေဟာ ဘီးလင်းမြို့ရဲ့စိုးရိမ်ရေမှတ် ဖြစ်သော ၁၀၂၂ စင်တီမီတာကို ကျော်လွန် ကာ ၁၁၀၄ စင်တာမီတာသို့ရောက်ရှိနေခဲ့ပြီး မိုးဆက်လက်ရွာသွန်းနေတဲ့ အတွက်ကြောင့် မြစ်ရေဆက်လက်တိုးလာတဲ့အပြင် ဘီးလင်း မြို့ ဘီးလင်းသကြားစက်နဲ့ အရက်စက်ရုံအနီး ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အ မှတ် ၁၂၆/၄ နဲ့ ၁၂၆/၅ အကြား ရေပြင်အ ကျယ် ပေ ၇၀၀ ခန့် နဲ့ ရေအနက် နှစ်ပေခန့်၊ ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာနဲ့ အဝန်းကြီးကျေးရွာကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ် ၁၂၉/၃ နှင့် ၁၂၉/ ၄ ကြားမှာ ရေပြင်အကျယ် ပေ ၅၀၀ နဲ့ အနက် လေးပေခန့်အထိ ရှိနေတဲ့အတွက် ရန်ကုန် - မော်လမြိုင်ကားလမ်းကို ခေတ္တယာယီပိတ်ခဲ့ ရပါတယ်။

          ဒါပေမဲ့ အဲဒီနေ့ညနေ ၄ နာရီနောက်ပိုင်း မှာတော့ ရေပြန်လည်ကျဆင်းလာတဲ့အတွက် ကုန်တင်ယာဉ်ကြီးများ ပြန်လည်ဖြတ်သန်းသွားလာနိုင်ခဲ့ပြီး ညပိုင်းမှာတော့ယာဉ်ငယ် တွေပါ ပြန်လည်ဖြတ်သန်းသွားလာနိုင်ခဲ့ပါတယ်။

          ဘီးလင်းမြစ်ရေလျှံမှုကြောင့် ဘီးလင်း မြို့ကန်သာယာရပ်ကွက်အပါအဝင် ဘီးလင်း မြစ်ကမ်းဘေးရပ်ကွက်တွေက အိမ်ထောင်စု ပေါင်း ၁၈၉ စုမှ  လူဦးရေ ၈၅၀ ခန့်မှာလည်း ဘီးလင်းမြို့နယ် အားကစားရုံနဲ့ အခြားယာယီ ရေဘေးရှောင်စခန်းတွေမှာ ခေတ္တပြောင်း ရွှေ့နေထိုင်နေကြကြောင်းလည်း လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရပါတယ်။

          အလားတူဘဲ မိုးရက်ဆက်ရွာသွန်းပြီး တောင်ကျရေတိုးနေတဲ့အတွက် အတ္တရံမြစ် ရေထပ်တိုးလာတဲ့အတွက်ကြောင့် ကျိုက်မရောမြို့ကမ်းနားပိုင်းနှင့် အနိမ့်ပိုင်းရပ်ကွက် များအတွင်း အတ္တရံမြစ်ရေဝင်ရောက်မှုများ ရှိနေကြောင်း ကျိုက်မရောမြို့ခံများထံမှ သိရ သည်။

          “လောလောဆယ်တော့ ကယ်ဆယ်ရေး စခန်းတွေဖွင့်လောက်တဲ့အထိတော့ မဖြစ် သေးဘူး။ မိုးဆက်ရွာနေမယ်ဆိုရင်တော့ကွင်း အပိုင်းက ရွှေ့ပြောင်းလုပ်သားမိသားစုတွေကို ယာယီကယ်ဆယ်ရေးစခန်းဖွင့်ပေးရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်” လို့ ကျိုက်မရောမြို့ခံတစ်ဦးက ပြောပါတယ်။

          ထို့အတူပဲ ရေးမြစ်ဖျားပိုင်းမှာရှိတဲ့ ကျောင်းရွာကျေးရွာအတွင်းမှာ မြစ်ရေတိုး လာနေတဲ့အတွက် ရေးမြို့မှာရှိတဲ့ကမ်းနား ပိုင်းနဲ့ အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံ မှုတွေဖြစ်ပေါ်လာနိုင်ကြောင်းကို ဒေသခံလူ မှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရပါ တယ်။

          သြဂုတ်လ ပထမပတ်အတွင်းမှာတော့ မိုးရွာသွန်းမှု လျော့နည်းလာခြင်းနဲ့အတူ ဘီးလင်းမြစ်ရေမှာလည်း ပြန်လည်လျော့ ကျသွားတဲ့အတွက်ကြောင့် ရေဘေးသင့်ပြည် သူတွေလည်း မိမိရဲ့နေအိမ်များကိုပြန်လည် ပြောင်းရွှေ့သွားကြပြီလို့ သိရပါတယ်။

          သို့သော်လည်း သံလွင်မြစ်ရဲ့ မြစ်လက် တက်တစ်ခုဖြစ်တဲ့ ဒုံသမိမြစ်ရေကတော့ ဆက်ပြီးတက်နေဆဲဖြစ်လို့ ရေဘေးသင့်တဲ့ ကျေးရွာအများအပြား ကျန်ရှိနေပါသေး တယ်။

          အလားတူပါပဲ သံလွင်မြစ်ရဲ့ နောက်ထပ် မြစ်လက်တက်တစ်ခုဖြစ်တဲ့ အတ္ထရံမြစ်မှာ လည်း ရေလျှံမှုဆက်လက်ဖြစ်ပွားပြီး သြဂုတ် လ ဒုတိယပတ်ကျမှပဲ ရေကြီးရေလျှံမှုတွေ လျော့နည်းသွားပါတယ်။

          မွန်ပြည်နယ်အတွင်းမှာ ရေကြီးရေလျှံမှု တွေကြောင့် သထုံ၊ ဘီးလင်း နဲ့ ရေးမြို့နယ်အ တွင်းမှာ အမျိုးသားသုံးဦးရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သလို ကျိုက်မရောမြို့နယ်အတွင်း မှာလည်း ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် အ ခြေခံပညာစာသင်ကျောင်းပေါင်း ၂၅ကျောင်း ကို ယာယီပိတ်ခဲ့ရပါတယ်။ အဲဒီအပြင်ကို ဘီးလင်း၊ သထုံ၊ ကျိုက်မရောအစရှိတဲ့ မြို့ နယ်တွေမှာ ရေဘးသင့်ပြည်သူ ထောင်နှင့်ချီ ပြီးရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီကယ်ဆယ် ရေးအဖွဲ့များရဲ့ ပြောကြားချက်တွေအရ သိရ ပါတယ်။

          “၀ါဆိုဝါခေါင်ရေဖောင်ဖောင်ဆိုတဲ့အ တွင်း မကြာမီ ၀ါခေါင်လပြည့်ကာလကိုရောက် ရှိလာတော့မှာဖြစ်တဲ့အတွက်ကြောင့် မိုးရွာသွန်းမှုတွေပြန်လည်များပြားလာပါကလည်း ရေကြီးရေလျှံမှုတွေ ပြန်လည်ဖြစ်ပွားလာနိုင် ပါသေးတယ်။

          လတ်တလောမှာ ဘင်္ဂလားပင်လယ် အော်၊ အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်လျက် ရှိတဲ့ အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည် နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ လေဖိအား နည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး လေဖိအား နည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအ တွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအနှံ့မှာ မိုး ဆက်လက်ရွာသွန်းမှုတွေရှိနိုင်ကြောင်း မိုး လေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန် ကြေညာထားပါတယ်။

          ထိုအခြေအနေကြောင့် လာမည့်နှစ် ရက်အတွင်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အ တွင်းမှာ မိုးပိုနိုင်ကြောင်းလည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဆိုထား ပါတယ်။

          ဒါ့အတွက်ကြောင့်လည်း အသက်အန္တ ရာယ်နဲ့ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီးမှုနည်း နိုင်သမျှနည်းပါးအောင် ကြိုတင်ပြင်ဆင် စရာများရှိပါက ပြင်ဆင်ထားကြဖို့ကိုလည်း အသိပေးတိုက်တွန်းလိုပါတယ်။

Most Read

Most Recent