မြန်မာနိုင်ငံကို ဂမ်ဘီယာက လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ဖြင့် တရားစွဲထားသည့်အမှုတွင် ဗြိိတိန်နိုင်ငံအပါအဝင် ခုနစ်နိုင်ငံက တင်ပြလာသည့် ကြားဝင်စွက်ဖက်မှုအား ICJ က ခွင့်ပြု

Published 4 July 2024

မြန်မာနိုင်ငံကို ဂမ်ဘီယာက လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်ဖြင့် တရားစွဲ ထားသည့် အမှုတွင် ဗြိတိန်နိုင်ငံအပါအဝင် ခုနစ်နိုင်ငံက တင်ပြလာသည့် ကြားဝင်စွက်ဖက်ရေး ကြေညာချက်များကို ခွင့်ပြုသည်ဟု ဇူလိုင် ၃ ရက်တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)က ဆုံးဖြတ်ခဲ့သည်။

ICJ၏ အမိန့်သည် ကြားဝင်စွက်ဖက်မှုများကို တညီတညွတ်တည်း လက်ခံလိုက်ခြင်းဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်၏ပြဌာန်းချက်များကို အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်စပ်လျဉ်း၍ တရားစွဲဆိုရာတွင် ၎င်းတို့၏သဘောထားအမြင်များကို တင်ပြရန် အဆိုပါနိုင်ငံများကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ICJ ကခွင့်ပြုပေးလိုက်သော နိုင်ငံများမှာ မောလ်ဒိုက်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်တို့ဖြစ်သည်။ အဆိုပါ နိုင်ငံများက တင်ပြလာသည့် ကြားဝင်စွက်ဖက်မှုကို ဥပဒေအပိုဒ်ခွဲ အမှတ် ၆၃ အရ ICJ က ခွင့်ပြုပေးခြင်းဖြစ်သည်။

အထက်ပါအမိန့်နှင့်အတူ ကြားဝင်စွက်ဖက်ရန် နိုင်ငံခုနစ်နိုင်ငံကို တရားဝင်ခွင့်ပြုပေးလိုက်ခြင်းဖြစ်ပြီး ယင်းသို့ခွင့်ပြုရာတွင် တရားရုံး၏စည်းမျဉ်းဥပဒေအမှတ် ၈၆ နှင့် အညီဆောင်ရွက်ပေးခြင်းဖြစ်သည်ဟုဆို သည်။ယင်းနိုင်ငံများသည် ကြားဝင်စွက် ဖက်ခြင်းနှင့်ပတ်သက်၍စာဖြင့်ရေးသားထားသော သဘောထားထင် မြင်ချက်များကို တင်ပြရမည်ဖြစ်သည်။

အမှုကို ကြားနာချိန်တွင် အဆိုပါနိုင်ငံများ၏သဘောထားထင်မြင်ချက်များကို တင်ပြခွင့်ပြုမပြုဆိုသည်ကို နောက်ပိုင်းတွင် ICJ က ဆုံးဖြတ်သွားမည်ဟု သိရသည်။

၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာက တရားစွဲထားသောအမှုတွင် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)များကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဆိုကာ မြန်မာနိုင်ငံကို စွပ်စွဲထားသည်။

အဆိုပါနိုင်ငံများကို ကြားဝင်စွက်ဖက်ခွင့့်ပြုခြင်းသည် ယခုအမှုနှင့်စပ်လျဉ်း၍ နိုင်ငံ တကာအသိုင်းအဝိုင်း၏စိတ်ဝင်စားမှုကို ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

Ref: Anadolu Ajansi

Most Read

Most Recent