မြန်မာကောင်စစ်ဝန်ချုပ်က ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ချင်းမိုင်မြို့တော်ဝန်တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံနယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်များအကြား နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

မြန်မာကောင်စစ်ဝန်ချုပ်က ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ချင်းမိုင်မြို့တော်ဝန်တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံနယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်များအကြား နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
Published 15 May 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင် စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ချင်းမိုင် ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ချင်းမိုင်မြို့ တော်ဝန်တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်နိ မိတ်ထိစပ်နေသည့် ပြည်နယ်များအကြား နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် မေ ၁၄ ရက်က ချင်းမိုင်မြို့၊ မြို့တော်ဝန် Mr. Assanee Buranupakorn နှင့် မြို့တော်ဝန်ရုံး၌ လည်းကောင်း၊ ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Nirat Pongsitthaworn နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ကောင်း သွားရောက်တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာကောင်စစ် ဝန်ချုပ်က ရှေးရာစုနှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံသားများနှင့် ချင်းမိုင်(ဇင်းမယ်)အပါအဝင် ယနေ့ခေတ် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတို့အကြား ကူးလူးဆက်ဆံမှုများ အလွန်များပြားခဲ့ရာ ယဉ်ကျေးမှုနှင့် ရိုးရာအ စဉ်အလာ ဓလေ့ထုံးတမ်းတို့တွင် တူညီမှုများ စွာရှိပြီး ရှေးယခင်ကတည်းကပင် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ ထူထောင်ထား နိုင်ခဲ့သည့်ကိစ္စ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့အနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ပြည်သူများ အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ရန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့် အလားအလာများ၊ ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ယူဆောင်ရွက်နေသည့် ထိုင်းနိုင်ငံ မြောက်ပိုင်း ကိုးပြည်နယ်နှင့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသကြီး အပါအ ဝင် နယ်နိမိတ်ထိစပ်လျက်ရှိသော မြန်မာနိုင် ငံမှ ပြည်နယ်များအကြား နယ်စပ်ကုန်သွယ် မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင် ရွက်မှုများ လုပ်ဆောင်နိုင်မည့် အခွင့်အ လမ်းများနှင့်ပတ်သက်၍ အဓိကဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent