မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်လာသဖြင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ သုံးသန်းကျော် စံချိန်တင်မြင့်တက်ခဲ့ပြီး လူဦးရေ၏ သုံးပုံတစ်ပုံသည် ကလေးသူငယ်များဖြစ်ကြောင်း UNOCHA ထုတ်ပြန်  

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်လာသဖြင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ သုံးသန်းကျော် စံချိန်တင်မြင့်တက်ခဲ့ပြီး လူဦးရေ၏ သုံးပုံတစ်ပုံသည် ကလေးသူငယ်များဖြစ်ကြောင်း UNOCHA ထုတ်ပြန်  
Published 11 June 2024

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ဋိပက္ခ ပြင်းထန်လာသဖြင့် နေရပ်စွန့်ခွာထွက်ပြေးရ သူဦးရေ သုံးသန်းကျော် စံချိန်တင်မြင့်တက်ခဲ့ပြီး လူဦးရေ၏ သုံးပုံတစ်ပုံသည် ကလေးသူငယ်များဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်သည်။ 

မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေပြီး အရပ်သားကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များနှင့် အခြားလိုအပ်ချက်အသစ်များ ကြီးမားလာခြင်းနှင့်အတူ မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ မှာ ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း UNOCHA က ဆိုသည်။ 

မြန်မာနိုင်ငံတွင် မြင့်တက်လာသော လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်သော နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ၊ အ ကြမ်းဖက်မှုများကို နေ့စဉ်ကြုံတွေ့နေရသည့် ပြည်သူများ၊ ပဋိပက္ခနှင့် သဘာဝဘေးနှစ်မျိုး ကြောင့် နေရပ်စွန့်ခွာနေရမှုများ အစရှိသည့် အခြေအနေများကို တုံ့ပြန်နိုင်ရန် ကုလသ မဂ္ဂက ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင် ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်း စီမံချက်ကို မဟာဗျူဟာ သုံးရပ် ချမှတ်၍ ဆောင်ရွက်ခဲ့ပြီး ထိုစီမံချက်အရ အကူအညီ ပေးရန် ဦးစားပေးသတ် မှတ်ထားသည့် ပြည် သူ ၅ ဒသမ ၃ သန်းအ တွက် ရန်ပုံငွေ ဒေါ်လာ ၉၉၄ သန်း လိုအပ်နေသည်။ 

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည့် လူဦးရေ ၁၈ ဒ သမ ၆ သန်း ရှိသော်လည်း ကုလသမဂ္ဂအနေ ဖြင့် လူဦးရေ ၅ ဒသမ ၃ သန်းကိုသာ ကူညီ ရန် လျာထားပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်း စီမံ ချက် နှစ်ဝက်ကာလသို့ ရောက်လာသည့်အ ချိန်တွင် ၁၂ ရာခိုင်နှုန်းသာ ရန်ပုံငွေ ရရှိသေး ကြောင်း UNOCHA က ဆိုသည်။  

ထိုသို့ ရန်ပုံငွေရရှိမှု နည်းပါးနေသော် လည်း မြန်မာနိုင်ငံက လူသားချင်းစာနာမှု ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်အတွင်း နေ ရပ်စွန့်ခွာသူဦးရေ ငါးသိန်းနီးပါးအပါအဝင် လူဦးရေတစ်သန်းနီးပါးကို အကူအညီပေး နိုင်ခဲ့ကြောင်း UNOCHA က ထုတ်ပြန်သည်။  

 

Most Read

Most Recent