ယူရို-၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 23 June 2024

ဆွစ်ဇာလန် - ဂျာမနီ (တနင်္လာနံနက် ၁း၃၀ နာရီ)

ဂျာမနီက အိမ်ရှင်အသင်းလည်းဖြစ်တယ်။ ကြယ်ပွင့်က စားသမားတွေနဲ့လည်း ဖွဲ့စည်းထားတယ်။ ဒါ့အပြင် တိုက်စစ်ပိုင်း  ကစားပုံလည်း တော်တော်လေး ထက်မြက်တယ်။ ဆွစ်ဇာလန် က အသင်းလိုက် ညီညွတ်ပြီး မာကျောတဲ့အသင်းမျိုးပါ။ မာကျော တဲ့ ခံစစ်ကို တည်ဆောက်ပြီး ခံစစ်ကနေ တိုက်စစ်ကို အသွင်ကူး ပြောင်းချိန် အလုပ်လုပ်ပုံလည်း ကောင်းတယ်။ ဂျာမနီက ရေပန်း စားနေတဲ့အသင်းတစ်သင်းဆိုပေမယ့် ဆွစ်ဇာလန်ကို လျှော့မ တွက်သင့်ပါဘူး။ သရေကျသွားနိုင်တယ်။ 

စကော့တလန် - ဟန်ဂေရီ (တနင်္လာနံနက် ၁း၃၀ နာရီ)

စကော့တလန်အသင်းက အင်္ဂလန်အခြေစိုက်ကစားသ မားတွေများပြီး ပရိသတ်တွေနဲ့ ပိုရင်းနှီးကြပေမယ့် တခြားလိဂ် တွေမှာလည်း ကစားသမားကောင်းတွေရှိတယ်ဆိုတာ ဟန်ဂေရီ လိုအသင်းတွေက သက်သေပဲ။ ဟန်ဂေရီအသင်းက အသင်း လိုက်မာကျောသလို တစ်ဦးချင်းလည်း ကောင်းတယ်။ စကော့ တလန်က နည်းနည်းလေး အားပျော့သလို ဖြစ်နေတယ်။ နှစ်သင်း စလုံးအတွက် အမှတ်လိုတဲ့ အခြေအနေဖြစ်လို့ အကြိတ်အနယ် ရှိနိုင်ပြီး ဟန်ဂေရီကိုတော့ ပိုကြိုက်တယ်။ 

Most Read

Most Recent