ရေးဘီလူးအဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့သည်ဆိုသည့် ရေးမြို့မရဲစခန်းမှ ရဲတပ်သားအား လက်နက်ဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထား

ရေးဘီလူးအဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့သည်ဆိုသည့် ရေးမြို့မရဲစခန်းမှ ရဲတပ်သားအား လက်နက်ဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထား
Published 27 June 2024

ရေးဘီလူးအဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့သည့်ဆိုသည့် ရေးမြို့မရဲစခန်းမှ ရဲတပ်သားအား လက်နက်ဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရေးမြို့မရဲစခန်းမှ တပ်ဖွဲ့ ဝင်များ တန်းစီလူစစ်ဆေးရာတွင် အမှတ် (၁) ကင်းတာဝန်ကျသည့် ရဲတပ်သားရဲထက်ပိုင်မှာ လာရောက်တန်းစီခြင်းမရှိဘဲ ပျက်ကွက်နေသောကြောင့် တာဝန်ရှိသူများက ၎င်းနေထိုင်ရာအခန်းအတွင်းသို့ သွားရောက် စစ်ဆေးခဲ့ရာ ရဲတပ်သားရဲထက်ပိုင်အား မတွေ့ရှိဘဲ M-22 (သေနတ်နံပါတ် - အန် - ၉၄၁၆၆၃) (၁) လက်၊ ၇.၆၂ ထ  ၃၉ ကျည် ၄၀ တောင့်၊ M-22 ကျည်အိမ် နှစ်ခု၊ BA 109 လက်ပစ်ဗုံး (ဖြူ့စ်ပါ) တစ်လုံးတို့ကို ယူ ဆောင်၍ အကြောင်းမဲ့ (လက်နက်ဖြင့်) ခွင့်မဲ့ ပျက်ကွက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီး စပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရ သည်။

ထို ရဲတပ်သားရဲထက်ပိုင်မှာ လက်နက် ခဲယမ်းများအား ယူဆောင်ပြီး ရေးဘီလူး အဖွဲ့ထံသို့ သွားရောက်ပူးပေါင်းခဲ့သည်ကို ဇွန်လ ၂၆ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်၌ ရေးဘီလူးအကောင့်အမည် ဖြင့် ပို့စ်တင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း နှင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်သား ရဲထက်ပိုင်အား သက်ဆိုင်ရာမှ အမှုဖွင့်အရေး ယူထားခြင်းဖြစ်ကြောင်း ၎င်းင်းကဆိုသည်။

ရေးဘီလူးအဖွဲ့ထံ လက်နက်ခဲယမ်းများ နှင့်အတူ သွားရောက်ပူးပေါင်းခဲ့သည့် ရေး မြို့မ ရဲစခန်းမှ ရဲတပ်သား ရဲထက်ပိုင် အား လက်နက်ဥပဒေပုဒ်မ - ၂၇ (အမှုကြီးအမှတ် စဉ် ၈/၂၀၂၄) ဖြင့်လည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

အဆိုပါ ရေးမြို့မရဲစခန်းမှ ရဲတပ်သားရဲ ထက်ပိုင် ဆိုသူမှာ ဗု - ၄၇ သေနတ်တစ်လက်၊ ကျည်အတောင့် ၆၀၊ ကျည်ဘောက် နှစ်ခုဖြင့် အလင်းဝင်လာကြောင်း နှင့် ၎င်းင်းအား ငွေကျပ် သိန်း ၃၀ ချီးမြှင့်ပေးခဲ့ကြောင်း ရေးဘီလူး အဖွဲ့မှ အသုံးပြုနေသည့် လူမှုကွန်ရက် Facebook ပေါ် ထုတ်ပြန်ထားချက်များအရ သိရ သည်။ ပြီးခဲ့သည့် ဇွန် ၇ ရက်ကလည်း ရေးမြို့ နယ် မြောက်ပိုင်း၊ လမိုင်းမြို့၊ မော့ကနင်ကျေး ရွာ အခြေစိုက် အမှတ် - ၁၀၆ ခြေလျင်တပ် ရင်းမှ တပ်ထောက်ဗိုလ်ကြီးကျော်မြင့်လွင် မှာလည်း  KNLA အဖွဲ့ ထံ လက်နက်ခဲယမ်း များနှင့်တကွ သွားရောက်ပူးပေါင်းခဲ့ကြောင်း သိသည်။                           

Most Read

Most Recent