ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားအနီးရှိ စံပယ်ဂူတောရဘုန်းကြီးကျောင်းအတွင်း Drop Bomb  ကျရောက်ပေါက်ကွဲမှုကြောင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီး

ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားအနီးရှိ စံပယ်ဂူတောရဘုန်းကြီးကျောင်းအတွင်း Drop Bomb  ကျရောက်ပေါက်ကွဲမှုကြောင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီး
Published 29 June 2024

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားအနီးရှိ စံပယ်ဂူတောရဘုန်းကြီး ကျောင်းဝင်းအတွင်း Drop Bomb ကျရောက် ပေါက်ကွဲမှုကြောင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် ည ၈ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်က အဆိုပါ  စံပယ်ဂူတောရဘုန်းကြီး ကျောင်းဝင်းအတွင်းသို့ Drop Bomb ကျရောက် ပေါက်ကွဲခဲ့ကြောင်း နှင့် ဗုံးပေါက်ကွဲမှုကြောင့် နှစ်ထပ်ကျောင်း ဆောင် အမိုးများပျက်စီးခဲ့သည့်အပြင် စတိုခန်းတစ်ခန်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လူထိခိုက်မှုတော့ မရှိဘူးလို့ ပြောကြတယ်။ နှစ်ထပ်ကျောင်း ဆောင်မှာပဲထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါ တယ်” ဟု ပြောကြားသည်။

နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိ သည့် အတွက် စံပယ်ဂူတောရကျောင်း၌ ကျောင်း စောင့်အဖြစ် သံဃာတော်တချို့နှင့် ကပ္ပိယ တချို့သာရှိနေကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်အနောက် ဘက်ကမ်းဒေသအတွင်း ရမ္မာဝတီကားလမ်းမ တစ်လျှောက်ရှိ  ကော့သပ်၊ ကော့စွယ်၊ တရ နာ၊ ကျွန်းကုန်း၊ သံကလောင်၊ ဓမ္မသ စသည့် ကျေးရွာများအား တပ်မတော်မှ နယ်မြေစိုးမိုး မှု ရယူကာ ထိန်းချုပ်ထားသော်လည်း ဂျိုင်းမြစ်အရှေ့ဘက်ကမ်းဒေသတွင်မှု လက်နက် ကိုင် အဖွဲ့အစည်းများ လှုပ်ရှားနေကြကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရ သည်။

Most Read

Most Recent