မြန်မာ - ထိုင်း နယ်စပ် ဘုရားသုံးဆူမြို့ရှိ နယ်စပ်ဂိတ်ကို မြန်မာဘက်ခြမ်းမှ ယာယီပိတ်လိုက်ကြောင်း သိရ

မြန်မာ - ထိုင်း နယ်စပ် ဘုရားသုံးဆူမြို့ရှိ နယ်စပ်ဂိတ်ကို မြန်မာဘက်ခြမ်းမှ ယာယီပိတ်လိုက်ကြောင်း သိရ
Published 17 June 2024
ဘိုဘိုမြင့်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ် သည့် ဘုရားသုံးဆူမြို့ရှိ နယ်စပ်ဂိတ်အား ဇွန်လ ၁၇ ရက် နေ့ နံနက်ပိုင်း မြန်မာဘက်ခြမ်း မှ ယာယီပိတ်လိုက်ကြောင်း ဘုရားသုံးဆူမြို့ ခံ ကုန်သည်များထံမှ သိရသည်။

ဘုရားသုံးဆူမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ဘက်သို့ ကုန်စည်များ အပြန်အလှန်ဖြတ် သန်းခွင့်ကို ဇွန်လ ၁၇ ရက် နံနက်ပိုင်း အချိန်တွင် မြန်မာဘက်ခြမ်းမှ ယာယီပိတ် လိုက်ကြောင်း မြို့ခံကုန်သည်တစ်ဦးက ပြော ကြားသည်။

၎င်းကဆက်လက်ပြီး “ နယ်စပ်ဂိတ်ကို မြန်မာဘက်ကနေပိတ်လိုက်တာ။ ကုန်ပစ္စည်း တွေ ဟိုဘက်ဒီဘက် ကူးလို့မရတော့ဘူး။ ဂျပန်ရေတွင်းဘက်က ဂိတ်ကိုလည်း ပိတ် ထားတယ်လို့ သိရတယ်။ ကုန်တင်ကားတွေ ဝင်လို့၊ ထွက်လို့ မရဘူးဖြစ်နေတယ်” ဟု ပြော ကြားသည်။

ဘုရားသုံးဆူမြို့ရှိ နယ်စပ်ဂိတ်များအား မည်သည့်အကြောင်းကြောင့် ယာယီပိတ် လိုက်သည်ကို မသိရသေးကြောင်းနှင့် လတ် တလော တချို့မလွယ်ပေါက်များမှ ကုန် ပစ္စည်း တစ်ထမ်းစာလောက် ယူသွား၍ ရနေ သေးကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဘုရားသုံးမြို့ရှိ ထိုင်း - မြန်မာ နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်မှ ကြက်သွန်နီနှင့် ငါးများ ထိုင်းနိုင်ငံဘက်သို့ တင်သွင်းနေပြီး ထိုင်းနိုင်ငံဘက်မှ အိမ် ဆောက် ပစ္စည်းများနှင့် အလှကုန်ပစ္စည်း ပြန် လည် တင်သွင်းကြကြောင်းလည်း ဘုရား သုံးဆူမြို့ရှိ ကုန်သည်များ၏ ပြောကြားချက် များအရ သိရသည်။

မြန်မာ - ထိုင်း နယ်စပ် မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ ကားလမ်းများ သွားလာ၍ အဆင်မပြေဖြစ်နေသည့် အချိန် တွင် ထိုင်းကုန်စည်များ ဘုရားသုံးဆူမြို့ဘက် မှ တင်သွင်းလာကြကြောင်းလည်း ဘုရား သုံးဆူ မြို့ခံများက ဆိုကြသည်။

“မြဝတီဘက်က လမ်းကြောင်းတွေ မကောင်းတော့၊ ဘုရားသုံးဆူဘက်ကို ထိုင်း ဘက်က ကုန်ပစ္စည်းတွေ ဆင်းလာတာ အရင် ကထက် ပိုများလာတယ်။ ဒါပေမယ့်လည်း သုံးဆူ - ကြာအင်းဆိပ်ကြီး - မုဒုံ လမ်းပိုင်း အခြေအနေတွေအရ တံတားတွေ ရေကျော် နေလို့ လမ်းမှာ နှစ်ည၊ သုံးညအိပ်ပြီး သွားလာ နေကြရတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦး က ပြောကြားသည်။

ထိုင်း - မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်အပါအဝင် တရားမဝင်နယ်စပ် ကုန်သွယ်ရေးဂိတ် ၂၂ ခုကို ထိုင်း - မြန်မာ ဒေသအာဏာပိုင်များအချင်းချင်း နားလည် မှုဖြင့် ညှိနှိုင်းဖွင့်လှစ်ထားကြပြီး အခြေအနေ ရ မကြာခဏ ပိတ်ခြင်း၊ ပြန်ဖွင့်ခြင်းများ လုပ် ဆောင်လေ့ရှိကြောင်းလည်း သိရသည်။

ထိုင်း - မြန်မာ နှစ်နိုင်ငံ အစိုးရများမှ တရားဝင်ဖွင့်လှစ်ပေးထားသည့် နယ်စပ် ကုန်သွယ်ရေးဂိတ်များမှာ တာချီလိတ် - မယ် ဆိုင်၊ မြဝတီ - မဲဆောက်၊ ထီးခီး - နမ့်ဖုရော် နှင့် ကော့သောင်း - ရနောင်း ဂိတ် လေးခုရှိပြီး ယင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ  ပတ်စ် ပို့ဖြင့်လည်းကောင်း၊ ယာယီခရီးသွားလာခွင့် လက်မှတ်ဖြင့်လည်းကောင်း အပြန်အလှန် သွားလာနိုင်ကြောင်း သိရသည်။

Most Read

Most Recent