သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံလိုသူများမှ မြေယာများနှင့် စက်ရုံငှားရမ်းခြင်းများ ပြန်လည်လက်ခံရရှိနေ

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံလိုသူများမှ မြေယာများနှင့် စက်ရုံငှားရမ်းခြင်းများ ပြန်လည်လက်ခံရရှိနေ
သီလဝါစက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်၊ 
သီလဝါစက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်၊ 
Published 1 July 2024



သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံလိုသူများက မြေယာများနှင့် စက်ရုံငှားရမ်းခြင်းများ ပြန်လည်လက်ခံရရှိနေကြောင်း MTSH ၏ အစီရင်ခံစာအရ သိရသည်။

မြန်မာ-ဂျပန်သီလဝါဒတ်ပလော့မင့် လီမိတက်(MJTD)ကို သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် စက်မှုလုပ်ငန်းဧရိယာဖွံ့ဖြိုးရေး၊ စျေးကွက်တင်ရောင်းချခြင်း၊ နှစ်ရှည်ငှားရမ်းခြင်းနှင့် စက်မှုလုပ်ငန်းဧရိယာ လည်ပတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ထောင်ခဲ့သည်။ မြန်မာသီ လဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် MTSH သည် မြန်မာ-ဂျပန်သီလဝါဒတ် ပလော့မင့်လီမိတက်MJTD၏ မတည်ငွေရင်းအများစုကို ပိုင်ဆိုင်ထားပြီး ဒါရိုက်တာအဖွဲ့ဝင်လေးဦးနှင့် အရာရှိအဖွဲ့ဝင်လေးနေရာတို့ကို စေလွှတ်တာဝန်ပေးထားပြီး စီမံအုပ်ချုပ်မှုများ ပြုလုပ်ထားသည်။

MJTD သည် မတ် ၃၁ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အ သားတင်အမြတ်ငွေဒေါ်လာ ၁ ဒသမ ၅ သန်း ရရှိခဲ့သည်။ အမြတ်လက်ကျန်ဒေါ်လာ  ၅၆ ဒသမ ၉ သန်းနှင့်ငွေနှင့်ငွေသားညီမျှခြင်း လက်ကျန်များအနေဖြင့် ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်တွင် ဒေါ်လာ ၄၅ သန်းရှိသည်။  သီလဝါအထူးစီးပွားရေးဇုန်၏ တည်ငြိမ်သော ပတ်ဝန်းကျင်နှင့်အရည်အသွေးမြင့်မားသော အ ခြေခံအဆောက်အဦများအပြင် အထူးစီးပွားရေးဇုန်၏ အထူးခံစားခွင့်များကြောင့် ရင်းနှီး မြှုပ်နှံလိုသူများမှ မြေယာများနှင့် စက်ရုံငှားရမ်းခြင်းများ ပြန်လည်၍ လက်ခံရရှိနေပြီဖြစ်ကြောင်း၊ အဓိကဝင်ငွေအနေဖြင့် ပုံမှန်လည်ပတ်နေသည့်လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေနှင့်လျှပ်စစ်မီးလုပ်ငန်းများမှ ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ-ဂျပန်သီလဝါဒတ်ပလော့မင့်လီမိတက်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးကို ၂၀၂၃ ခုနှစ်တွင် စတင်တပ်ဆင်ခဲ့ပြီး တပ်ဆင်ခဲ့ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရုပ်ကြွင်းလောင်စာ  သုံးဓာတ်အားထုတ်လုပ်ခြင်း လျှော့ချရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရန်အတွက်ဖြစ်သည်။ ထပ်တိုးတပ်ဆင်မည့်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးမှ ငါးမီဂါဝပ်ရှိသော လျှပ်စစ်စွမ်းအား ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ ထို့ပြင်ရှေ့လာမည့်နှစ်မှစ၍ မြန်မာ-ဂျပန်သီလဝါ ဒတ်ပလော့မင့်လီမိတက်၏ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရေးမှ ဝင်ငွေစီးဆင်းမှုများလည်း ရရှိနိုင်မည်ဖြစ်သည်။ 

MTSH သည် ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်။ ၂၀၁၆ ခုနှစ်မေ ၂၀ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းတွင် ဒုတိယမြောက် စာရင်းဝင်သည့်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့သည်။

 

MTSH သည် ကုမ္ပဏီ၏ မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်မှု၊ ရေရှည်တည်တံ့ခိုင်မြဲရေးအလေ့အကျင့်များ လိုက်နာကျင့်သုံးမှုတို့ မှတစ်ဆင့်ရရှိလာမည့်အနာဂတ်အကျိုးစီး ပွားအလားအလာကို လက်တွေ့ကျကျရှုမြင် သုံးသပ်လျက်ရှိကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ပေါ်ပေါက်လာသည့် အခွင့်အလမ်းသစ်များကို ထိရောက်စွာအသုံးချနိုင်ရန် အချိန်နှင့်အမျှ ပြောင်းလဲလျက်ရှိသော စီးပွားရေးအခင်းအကျင်းနှင့်အညီလိုက်လျောညီထွေရှိအောင် ဆောင်ရွက်သွားမည့် အပြင် နိုင်ငံ့စီးပွားရေး တိုးတက်မှုနှင့် အစုရှယ်ယာရှင်များ၏အကျိုးအမြတ်အတွက် တိကျခိုင်မာသော ရေရှည် တည်တံ့ခိုင်မြဲရေး မူဝါဒများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent