၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၃၆၂ သန်းကျော်ရှိပြီး တရုတ်ဘက်က သွင်းကုန်ဒေါ်လာသန်း ၈၀၀ ကျော် တင်သွင်း

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၃၆၂ သန်းကျော်ရှိပြီး တရုတ်ဘက်က သွင်းကုန်ဒေါ်လာသန်း ၈၀၀ ကျော် တင်သွင်း
Published 2 July 2024

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၃၆၂ သန်းကျော်ရှိပြီး တရုတ်ဘက်က သွင်း ကုန်ဒေါ်လာသန်း ၈၀၀ ကျော် တင်သွင်းထား ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီနှင့်မေ နှစ်လအတွင်း မြန်မာဘက်မှ ပို့ကုန်ဒေါ်လာ ၅၆၂ ဒသမ ၄၁၆ သန်း၊ သွင်းကုန်ဒေါ်လာ ၈၀၀ ဒသမ  ၂၄၉ သန်းဖြင့် နှစ်နိုင်ငံကုန်သွယ် မှုဒေါ်လာ ၁၃၆၂ ဒသမ ၆၆၅ သန်းရှိသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန် မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၈၁၈၃ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူ ထက် ဒေါ်လာတစ်ဘီလျံကျော် လျော့ကျခဲ့ သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာ ဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၁၅၇ ဒသမ ၁၀၆ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၅၀၂၆ ဒသမ ၀၇၆ သန်းရှိသည်။        

နှစ်အလိုက် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှု၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ၅၄၂၀ ဒသမ ၀၅၂ သန်း၊ တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၇၂၉ ဒသမ ၁၇၄ သန်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ  ၁၂၁၄၉ ဒသမ ၂၂၆ သန်း ရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာ ဘက်မှ ပို့ကုန်တန်ဖိုး၅၁၇၉ ဒသမ ၇၃၃ သန်း၊ တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၄၆၄၆ ဒသမ ၂၁၄ သန်းဖြင့် နှစ်နိုင်ငံကုန် သွယ်မှု ဒေါ်လာ  ၉၈၂၅ ဒသမ ၉၄၇ သန်း ရရှိခဲ့သည်။

၂၀၂၁-၂၀၂၂ - Mini Budget အတွင်း  မြန်မာဘက်မှ ပို့ကုန်တန်ဖိုး၂၀၀၈ ဒသမ ၂၂၇ သန်း၊ တရုတ်ဘက်မှ သွင်းကုန် တန်ဖိုး ဒေါ်လာ ၂၂၉၇ ဒသမ ၆၁၅သန်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ  ၄၃၀၅ ဒသမ ၈၄၃ သန်း ရရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာ ဘက်မှ ပို့ကုန်တန်ဖိုး၃၈၃၃ ဒသမ ၃၉၇ သန်း၊ တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၅၄၄၆ ဒသမ ၇၅၁ သန်းဖြင့် နှစ်နိုင်ငံ ကုန် သွယ်မှု ဒေါ်လာ ၉၂၈၀ ဒသမ ၁၄၈ သန်း ရရှိခဲ့သည်။

၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပို့ကုန်ဒေါ်လာ ၁၄၆၁၈ ဒသမ ၄၅၉ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၄၇၂ ဒသမ ၇၆၄သန်းရှိကာ  ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၀၀၉၁ ဒသမ ၂၂၃ သန်း အထိ ရရှိခဲ့သည်။ ယင်းအနက် သွင်းကုန်တင် သွင်းမှုမှာ ပို့ကုန်တင်ပို့မှု ထက် ဒေါ်လာ ၈၅၄ သန်းကျော်ပိုများနေသဖြင့်  ကုန်သွယ်မှု လို ငွေ ဒေါ်လာ ၈၅၄ ဒသမ ၃၀၅ သန်း ဖြစ်ပေါ် ခဲ့သည်။

Most Read

Most Recent