ဘာလင်မှာပျက်သုဉ်းခဲ့ရတဲ့ အဇူရီရဲ့ မျှော်လင့်ခြင်းများ

ဘာလင်မှာပျက်သုဉ်းခဲ့ရတဲ့ အဇူရီရဲ့ မျှော်လင့်ခြင်းများ
Photos: AFP
Photos: AFP
Published 3 July 2024
Phoe Thar

အောင်မြင်မှုဆိုတာ ရယူဖို့ထက်၊ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ ပိုမိုခက်ခဲပါတယ်။ အီတလီဟာ ယူရို-၂၀၂၀ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကိုအလွယ်တကူပဲ လက်လွှတ်ဆုံးရှုံးခံခဲ့တယ်။ အနှစ်နှစ်အလလတည်ဆောက်ခဲ့ရတဲ့ ယုံကြည်မှုတွေ၊ မျှော်လင့်ခြင်းလမ်းစတွေဟာ စိတ်ပျက်စရာ ရှုံးပွဲတစ်ပွဲနဲ့အတူ အရာအားလုံးသဲထဲရေသွန်ဖြစ်သွားခဲ့တယ်။ အီတလီဟာ ဒီရှုံးပွဲကြောင့်ပဲ စပိန်၊ ပေါ်တူဂီတို့ရဲ့နောက် ယူရိုလက်ရှိချန်ပီယံမှတ်တမ်း ဆိုးကို လက်ဆင့်ကမ်းခဲ့ရတယ်။ ယူရို-၂၀၁၂ ချန်ပီ ယံစပိန်ဟာ ယူရို-၂၀၁၆ မှာရှုံးထွက် (၁၆)သင်းအဆင့်ကလှည့်ပြန်ခဲ့ရသလို၊ ယူရို-၂၀၁၆ ချန်ပီယံ ပေါ်တူဂီဟာလည်း ယူရို-၂၀၂၀ မှာ ရှုံးထွက် (၁၆) သင်းအဆင့်ကနေ လက်ပြခဲ့ရပြန်တယ်။ အခုအီတလီဟာလည်း ဒီလမ်းစဉ်အတိုင်းတစ်သွေမသိမ်းလိုက်ပါလျှောက်လှမ်းခဲ့တယ်။ ငါတို့ဟာ ယူရိုရဲ့လက်ရှိချန်ပီယံဆိုတဲ့ မော်ကြွားမှုနဲ့ ဂျာမန်မြေဆီအရောက်လှမ်းလာခဲ့ပေမယ့် ဆိုးရွားမှုတွေနဲ့ပဲအဆုံး သတ်ဇာတ်သိမ်းခဲ့ရတယ်။ အဇူရီတို့အတွက် အနာဂတ်တွေ၊ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေက အဲဒီလောက်တောင်ခက်ခဲနေပြီလား၊ ကမ္ဘာ့ဖလားချန်ပီယံဆု (၄)ကြိမ်၊ ယူရိုချန်ပီယံဆု (၂)ကြိမ်ရရှိထားတဲ့ အင်အားကြီးလက်ရွေးစင်အသင်းတစ်သင်းဟာ တကယ်ပဲပုံရိပ်မဲ့သွားခဲ့ပြီလား။

 

Most Read

Most Recent