အသက် ၁၈ နှစ် ပြည့်ပြီးသည့် လူဦးရေစာရင်း တတိယမူကြမ်းကို မြေပြင် ကွင်းဆင်း ကောက်ယူရေး ဗဟိုကော်မတီကUEC သို့ ပေးပို့ထားပြီး စာရင်းထည့်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းUEC ဥက္ကဋ္ဌ ပြောကြား

အသက် ၁၈ နှစ် ပြည့်ပြီးသည့် လူဦးရေစာရင်း တတိယမူကြမ်းကို မြေပြင် ကွင်းဆင်း ကောက်ယူရေး ဗဟိုကော်မတီကUEC သို့ ပေးပို့ထားပြီး စာရင်းထည့်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းUEC ဥက္ကဋ္ဌ ပြောကြား
Published 2 July 2024

 

အသက် ၁၈ နှစ် ပြည့်ပြီးသည့် လူဦးရေ စာရင်း တတိယမူကြမ်းကို မြေပြင်ကွင်းဆင်း ကောက်ယူရေး ဗဟိုကော်မတီက UEC သို့ ပေးပို့ထားပြီး စာရင်းထည့်သွင်းရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။

ဇူလိုင် ၁ ရက်က တည်းခိုရေးစခန်း (ရွာ တော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင် စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (တတိယအကြိမ်) တွင် UEC ဥက္ကဋ္ဌက အထက်ပါအချက်ကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် UEC ဥက္ကဋ္ဌက မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှု စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရ သည့် တစ်ခုတည်းသော ရည်ရွယ်ချက်သည် မဲစာရင်းမှန်ကန်ရေးဖြစ်ကြောင်း၊ မဲစာရင်း မှန်ကန်ရေးသည် လူဦးရေစာရင်းမှန်ကန် ပြည့်စုံမှုအပေါ်တွင် မူတည်နေကြောင်း၊ တိုင်း ဒေသကြီး^ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေး  ကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည်  မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး လူ ဦးရေစာရင်းများကို စိစစ်ပေးခဲ့ကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဗဟို ကော်မတီမှ အသက် ၁၈ နှစ် ပြည့်ပြီးသည့် လူဦးရေစာရင်းများကို ကော်မရှင်သို့ ပေးပို့ လျက်ရှိပြီး လူဦးရေစာရင်း (ပထမမူကြမ်း)နှင့် (ဒုတိယမူကြမ်း) တို့ကို လက်ခံရရှိပြီးဖြစ် ကြောင်း ပြောကြားသည်။

ထိုသို့ လက်ခံရရှိထားသည့် စာရင်းများ ကို မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံ ခန့်ခွဲခြင်းစနစ် (admin and DEO software) နှင့် ဗဟိုမဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS) တို့ကို အသုံးပြုပြီး မြို့နယ် အလိုက် မဲရုံတစ်ခုချင်းစီအထိ စာရင်းထည့် သွင်းခြင်းကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ တတိယမူကြမ်းကို ထပ်မံပေးပို့ လာပြီဖြစ် သည့်အတွက် အလားတူစာရင်း ထည့်သွင်း ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နောက် ဆုံး CVLMS ထဲသို့ ရောက် ရှိသွားသည့် စာ ရင်းများသည် အခြေခံမဲစာရင်းများဖြစ် ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ် ငါးရပ်မှ ပဥ္စမမြောက်လုပ်ငန်း ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင် ရွက်ရာ၌ မဲစာရင်းမှန်ကန်ရေးပြင်ဆင်မှုကို ဦးစားပေး လုပ်ဆောင်နေကြောင်း UEC ဥက္ကဋ္ဌက ပြော ကြားသည်။

ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများသည် ရွေးကောက်ပွဲအတွေ့အကြုံ အတန်အသင့် ရှိကြပြီဖြစ်ကြောင်း၊ သို့သော် လာမည့် အထွေထွေရွေးကောက်ပွဲတွင် တစ်ခါမျှ မလုပ်ဖူးသေးသည့် ရွေးကောက်ပွဲစနစ်နှင့် မဲပေးနည်းအသစ် နှစ်ခုလုပ်ရန်ရှိသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ကျင့်သုံးနေကျ ဖြစ်သည့် FPTP စနစ်အပြင် PR စနစ်ကိုပါ အသုံးပြုသွားမည်ဖြစ်၍ မဲလက်မှတ် (ballot ) ဖြင့် မဲထည့်ခြင်းအပြင် အချို့မဲဆန္ဒနယ် များတွင် EVM ဟု ခေါ်သည့် အီလက်ထရွန် နစ် မဲပေးစက်ဖြင့်လည်း မဲပေးရမည်ဖြစ် ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်း များ တက်ရောက်ကြပြီး ဇူလိုင် ၁ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

Most Read

Most Recent