မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတွင် မလိခမြစ်ရေတိုက်စားမှုများကြောင့် နေအိမ်အချို့နှင့် လမ်းကြောင်းအချို့ ပျက်စီးခဲ့ပြီး ပြင်ဆင်ရန် လပိုင်းကြာမြင့်နိုင်

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတွင် မလိခမြစ်ရေတိုက်စားမှုများကြောင့် နေအိမ်အချို့နှင့် လမ်းကြောင်းအချို့ ပျက်စီးခဲ့ပြီး ပြင်ဆင်ရန် လပိုင်းကြာမြင့်နိုင်
Published 4 July 2024

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတွင် မလိခ မြစ်ရေတိုက်စားမှုများကြောင့် လမ်းကြောင်းအချို့ ပျက်စီးခဲ့ပြီး လပိုင်းကြာ မြင့်နိုင်ကြောင်း ယာဉ်မောင်းများနှင့် လမ်းထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ဆိုသည်။

ယာဉ်မောင်းတစ်ဦးက“မြစ်ဆုံအထက် ၃၅ မိုင်နှင့် တီယန်ဇွပ်ကြားက မေလိခ မြစ် ကမ်းဘေးက လမ်းကြောတစ်ခုလုံ ထိသွား တယ်။ အောက်က မြေရေ တိုက်ပြီး အပေါ်က လည်း တောင်ပြိုနေတာ။လူလွတ်ရုံးဖို့ မလွယ် ဘူး။ ကားလည်း အစီး၂၀ လောက်က တီယန် စွပ်နှင့် ဆွမ်ပရာဘွမ်ကြားမှာ ပိတ်မိနေတယ်။လမ်းပြင်ဖို့လည်း နှစ်ဖက်လက်နက်ကိုင် တွေ နဲ့ဆိုတော့ မလွယ်ဘူး ။ မြစ်ဆုံအထက်က အင်ဆွပ်တံတား ပါသွားတယ်။အားလုံး ပြင်ဖို့ လချီမယ်”ဟု ဆိုသည်။

လွန်ခဲ့သည့် ဇူလိုင် ၁ ရက် ရေကြီးမှုအ တွင်း မလိခမြစ်တွင် ရေတိုက်စားမှုများ ဖြစ် ပေါ်ခဲ့ပြီး ကမ်းပါးပြိုမှုကြောင့် နေအိမ် ဆယ် နှင့် ချီပါသွားကြောင်း မြင်တွေ့ခဲ့သူများက ဆိုသည်။

“အိမ်တွေပါသွားတာက တီယန်ဇွပ် ဆိုင်တန်း တစ်ကြောလုံးပဲ။ လမ်းတစ်လျှောက် အိမ်တွေလည်း မြစ်ကမ်းဘက်ကဆိုရင် မတွေ့ခဲ့တော့ဘူး။ ကားလမ်းဘေးမဟုတ်တဲ့ အထက် ရွာတွေကလည်း လေးငါးဆယ် ပါ သွား ကြတယ် ပြောကြတယ်။ မေလိခ မြစ်က ရွှေအကြီးအကျယ်တူးလိုက်တော့ မြစ်ကော လာတယ်။ ရေက အဆမတန်ကြီးလာတော့ ကမ်းတွေကိုထိုးပြိုတဲ့သဘောပဲ” ဟု ဆိုသည်။

ပူတာအိုဒေသမှာ သုံးလကျော်ကြာ လမ်းပိုင်း ပိတ်ထားခဲ့ပြီး လွန်ခဲ့သည့် ဇူလိုင်လ နောင်းပိုင်းမှ စတင်ကာ ကုန်စည်နှင့် လောင် စာဆီယာဉ်များ စတင်ဝင်ရောက်နိုင်ခဲ့သည့် ဒေသဖြစ်ပြီး ယင်းလမ်း ပျက်စီးမှုအတွက် ဒေသခံများမှာ စားသောက်ကုန်များ ထပ်မံ စျေးတက်မည်ကို စိုးရိမ်နေကြသည်။

ပူတာအိုခရိုင်တွင် မြို့နယ် ခြောက်မြို့ နယ်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ၉၁၂၅၇ ဦးနေထိုင်ကြောင်းသိရပြီး လယ်စိုက် ဧက ၂၅၀၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။

ပူတာအိုဒေသသည်လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် ခက်ခဲခြင်း၊  လမ်းပန်းဆက်သွယ် ရေးခက်ခဲ့ခြင်း၊ ဖွံ့ဖြိုးမှုအားနည်းခြင်း စသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် တစ်နှစ်အောက် ကလေးသေနှုန်း အမြင့်ဆုံး ခရိုင်တစ်ခုဖြစ်သည်။      

   ထွန်းလင်းအောင်

Most Read

Most Recent