■ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဂက်(စ်) ယိုစိမ့်မှု ဖြစ်ပြီး မီးလောင်သည့် ဖြစ်စဉ်မှ  သေဆုံးသူ  ငါးဦးထိ  ရှိလာ 

■ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဂက်(စ်) ယိုစိမ့်မှု ဖြစ်ပြီး မီးလောင်သည့် ဖြစ်စဉ်မှ  သေဆုံးသူ  ငါးဦးထိ  ရှိလာ 
■ ဓာတ်ပုံ-ကိုသန်းဌေး
■ ဓာတ်ပုံ-ကိုသန်းဌေး
Published 5 June 2024
■ သတင်း - သက်ထွန်းအောင်

မန္တလေးမြို့တွင်  မေ ၃၁ ရက် က 48 Kg ဆံ့ ဂက်(စ်)အိုးအကြီးမှ ဂက်(စ်)ဘူး အသေးသို့ ဂက်(စ်) ပြောင်းရွှေ့ထည့်သွင်းနေစဉ် ဂက်(စ်)ယိုစိမ့်မှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် အမျိုးသား (၁၃) ဦးနှင့် အမျိုးသမီး ခုနစ် ဦးမှာ ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင် ကုသမှု ခံယူခဲ့ရပြီး မီးလောင် ဒဏ်ရာပြင်းထန်မှုကြောင့် ဇွန်လ ၅ ရက်(ယနေ့) ထိ သေဆုံးသူ မှာ ငါးဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

မေ ၃၁ရက် နံနက် ၉ နာရီ  မိနစ် ၄၀ ခန့်တွင်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၁ လမ်းနှင့်  ၈၂ လမ်းကြား၊ ၃၂  လမ်းနှင့် ၃၃ လမ်းကြား၊ (၁၅ × ၃၀) ပေ နံကပ် (၂) ထပ် အဆောက်အဦအောက်ထပ်တွင် 48 Kg ဆံ့ ဂက်(စ်)အိုးအကြီးမှ ဂက်(စ်)ဘူး အသေးသို့ ဂက်(စ်)ဖလှယ်ထည့်ရာမှ ဂက်(စ်)ယိုစိမ့်မှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရရှိပါသည်။

မီးလောင်မှုကြောင့် (၁၅ × ၃၀) ပေ နံကပ် (၂) ထပ် အဆောက်အဦ (၁) လုံး၊ (၄၀ x၂၅) ပေ နံကပ် (၁) ထပ် ဂိုဒေါင် (၁) လုံး၊ (၁၅ × ၃၀) ပေ သွပ်မိုး၊ ထရံကာ (၂)ထပ် အိမ်အပေါ်ထပ် မီးကူးစက်လောင်ကျွမ်းခဲ့ Level (2) ယာဉ်အုပ်စုတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ  ၂၃ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရှိရပါသည်။

အမျိုးသား (၁၃) ဦးနှင့် အမျိုးသမီး ခုနစ် ဦးမှာ ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရသည်။

အဆိုပါ မီးလောင်မှုကြောင့် အမျိုးသား နှစ်ဦး အား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းမှ(ပ-၉၀/၂၀၂၄)၊ ပုဒ်မ (၂၈၅)၊ (၃၃၇/၃၃၈) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။



 

Most Read

Most Recent