ကာရီဘီယံကို ဝင်ရောက်ခဲ့သည့် ဘယ်ရိုးလ်မုန်တိုင်းသည် ပြင်းအားအဆင့်ငါးရှိသော ဟာရီကိန်းမုန်တိုင်းကြီးအဖြစ် အားကောင်းလာ

ကာရီဘီယံကို ဝင်ရောက်ခဲ့သည့် ဘယ်ရိုးလ်မုန်တိုင်းသည် ပြင်းအားအဆင့်ငါးရှိသော ဟာရီကိန်းမုန်တိုင်းကြီးအဖြစ် အားကောင်းလာ
ဘယ်ရိုးလ်ဟာရီကိန်းဝင်ရောက်ခဲ့ပြီးနောက် ဘာဘေးဒိုးရှိ ဘရစ်ချ်တောင်းငါးစျေး၌ ပျက်စီးနေသောငါးဖမ်းလှေများ စုပုံနေသည်ကို ဇူလိုင် ၁ ရက်တွင်တွေ့ရစဉ်(Photo: AFP)
ဘယ်ရိုးလ်ဟာရီကိန်းဝင်ရောက်ခဲ့ပြီးနောက် ဘာဘေးဒိုးရှိ ဘရစ်ချ်တောင်းငါးစျေး၌ ပျက်စီးနေသောငါးဖမ်းလှေများ စုပုံနေသည်ကို ဇူလိုင် ၁ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 2 July 2024

ဘယ်ရိုးလ် ဟာရီကိန်းမုန်တိုင်းသည် ကာရီဘီယံအရှေ့တောင်ပိုင်းရှိ ကျွန်းအချို့ကို တိုက်ခတ်ခဲ့ပြီးနောက် မုန်တိုင်းသည် ဇူလိုင် ၁ ရက်ညပိုင်းတွင် ပြင်းအားအများဆုံးမုန်တိုင်းအဖြစ် အားကောင်းလာခဲ့ရာ မိုး သည်းထန်ခြင်းနှင့် ဖျက်အားရှိသောလေများ တိုက်ခတ်ခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ဘယ်ရိုးလ် ဟာရီကိန်းသည် အတ္တလန်တိတ်တွင် ယခုဟာရီကိန်းရာသီ၌ စံချိန်တင်အစောဆုံးဖြစ်ပေါ်သည့် ပြင်းအားအဆင့်ငါးရှိသော မုန်တိုင်းဖြစ်လာခဲ့သည်။ ဘယ်ရိုးလ်သည် တစ်နာရီကို မိုင် ၁၆၀ နှုန်း ဖြင့် တစ်သမတ်တည်းတိုက်နေသောလေများနှင့်အတူ ကြီးမားလာနိုင်သော ဟာရီကိန်းအဖြစ် အားကောင်းလာသည်ဟု အမေရိကန်အမျိုးသားဟာရီကိန်း စင်တာ(NHC)က ပြောကြားခဲ့သည်။

ဇူလိုင် ၁ ရက် စောစောပိုင်းတွင် မုန်တိုင်းသည် ဂရီနာဒါ၏ကာရီယာကူးကျွန်းကို တစ်နာရီ မိုင် ၁၅၀ ကျော်ဖြင့် တစ်သမတ်တည်းတိုက်နေသောလေများနှင့်အတူ မုန်တိုင်း၏အလွန်အန္တရာယ်များလှသော eyewall(မုန် တိုင်းဗဟိုချက် အပြင်ဘက်၌ မိုးကြိုးမုန်တိုင်းများနှင့်မိုးသည်းထန်စွာရွာနေသော ရပ်ဝန်း)သည် တိုက်ရိုက်ဝင်ရောက်ခဲ့သည်ဟု NHC က ပြောကြားခဲ့သည်။

စိန့်ဗင်းစင့်နှင့် ဂရီနာဒိုင်းတို့အပါအဝင် အနီးနားရှိ ကျွန်းများသည် ပြင်းထန်သော လေပြင်းများနှင့်အသက်အန္တရာယ် ခြိမ်းခြောက်သော ရေများတက်လာခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရသည်ဟု အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက ပြောကြားခဲ့သည်။

“နာရီဝက်လောက်မှာ ကာရီယာကူးကျွန်းဟာ ပြားပြားဝပ်သွားခဲ့ပါတယ်”ဟု ဂရီနာဒါဝန်ကြီးချုပ် ဒစ်ကွန်မစ်ချယ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။                

“ကျွန်တော်တို့ဟာ အခြေအနေဆိုးကကနေ မလွတ်မြောက်သေးပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ သေဆုံးသူရှိသည်ဟူသော သတင်းများကို လက်ရှိအချိန် ထိမကြားရသေးဟု ဒစ်ကွန်မစ်ချယ်က ပြော ကြားခဲ့သည်။ သေဆုံးသူမရှိဆိုသည်ကို ၎င်းအနေသေသေချာချာ မပြောနိုင်ဟု ဂရီနာဒါဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဂရီနာဒါရှိ စိန့်ဂျော့မှ အေအက်ဖ်ပီသတင်းဌာနက ရရှိသော ဗီဒီယိုတွင် လေပြင်းများကြောင့် သစ်ပင်များ ယိမ်းထိုးနေကာ မိုးသည်းထန်စွာရွာနေသည်ကို မြင်ရသည်။

အစိုးရသည် ကာရီယာကူးနှင့် ပတ်တီ တီမာတီနစ်ကျွန်းတို့ထံ ဇူလိုင် ၂ ရက်တွင် ကယ်ဆယ်ရေး ပစ္စည်းများရောက်ရှိလာစေ ရန်ဆောင်ရွက်နေသည်ဟု မစ်ချယ်က နောက်ပိုင်းတွင် လူမှုမီဒီယာ၌ ပြောကြားခဲ့ သည်။

“အရေးပေါ် အခြေအနေ ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။ အိမ်ထဲမှာပဲနေကြပါ”ဟု ၎င်းက facebook တွင် ရေးသားခဲ့သည်။  ဇွန်လဆန်းပိုင်းမှ နိုဝင်ဘာလကုန်ပိုင်းအထိရှိသော အတ္တလန်တိတ်ဟာရီကိန်းမုန် တိုင်းရာသီတွင် ယင်းသို့သော အင်အားပြင်းမုန်တိုင်းဖြစ်ပေါ်ခြင်းသည် အလွန်ရှားပါးသည်ဟု ပညာရှင်များက ပြောသည်။

ဘယ်ရိုးလ်သည် ဇွန် ၂၉ ရက်တွင် ၂၀၂၄ အတ္တလန်တိတ်ရာသီ၏ပထမဆုံး ဟာရီကိန်းမုန်တိုင်းဖြစ်လာခဲ့ပြီး လျင်မြန်စွာ အားကောင်းလာခဲ့သည်။

ဘယ်ရိုးလ်ဟာရီကိန်းနှင့်ပတ်သက်၍ NHC က မှတ်တမ်းများစယူသည့်အခါ မုန်တိုင်းသည် ဇွန်လထဲတွင် ပြင်းအားအဆင့်လေးရှိသော ပထမဆုံးဟာရီကိန်းဖြစ်လာခဲ့ပြီး ယင်းမုန်တိုင်းသည် ဇူလိုင်လထဲတွင် ပြင်း အားအဆင့်ငါးသို့ အချိန်အစောဆုံးရောက်လာသော မုန်တိုင်းဖြစ်လာခဲ့သည်။

“ဇူလိုင် ပထမပတ်မရောက်မီပြင်းအားအဆင့်သုံးအထက်မှာရှိတဲ့ ဟာရီကိန်းမုန် တိုင်းကြီးငါးခုသာရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းရှိထားပါတယ်”ဟု ဟာရီကိန်း ပညာရှင်မိုက်ကယ်လိုရီက ဆိုရှယ်မီဒီယာ X တွင်ရေးသားခဲ့သည်။ဘာဘေးဒိုးသည် မုန်တိုင်း၏အဆိုးဆုံးများမှ ချမ်းသာရာရခဲ့သည်ဆို သော်လည်း လေပြင်းများတိုက်ခြင်းနှင့် မိုးသည်းထန်ခြင်း တို့ဖြစ်ပေါ်နေသည်။                    

Ref: AFP

Most Read

Most Recent