စစ်ဘေးဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှ အိမ်ထောင်စုများအတွက် မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ  ငွေကြေးနှင့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း

စစ်ဘေးဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှ အိမ်ထောင်စုများအတွက် မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ  ငွေကြေးနှင့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း
Published 4 July 2024

စစ်ဘေးဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မှ အိမ်ထောင်စုများအတွက် မွန်စစ်ဘေး ရှောင်ကူညီရေးအဖွဲ့မှ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ငွေကြေးနှင့် စားနပ်ရိက္ခာများထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ဘေးဒဏ်ကြောင့် မီးလောင်ပျက်စီး မှုများရှိခဲ့သည့် ကျိုက်မရောမြို့နယ် ဓမ္မသ ကျေးရွာမှ နေအိမ် ၁၄၅ လုံးစာအတွက် တစ် အိမ်လျှင် ကျပ်ငါးသိန်း နှုန်းဖြင့် လှူဒါန်းပေး ခဲ့ကြောင်းနှင့် စားနပ်ရိက္ခာများကိုလည်း လှူ ဒါန်းပေးခဲ့ကြောင်း မွန်စစ်ဘေးရှောင် ကူညီ ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

၎င်းကဆက်လက်ပြီး “ကျွန်တော်တို့ အနေနဲ့က ဒုက္ခရောက်နေကြသူတွေကို အတတ်နိုင်ဆုံးကူညီမယ်။ သူတို့လုပ်ချင်တာကို ဝိုင်းပြီး ပံ့ပိုးပေးမယ်။ သူတို့ရွာကို ပြန်လာခြင်း၊ မပြန်လာခြင်းကတော့ သူတို့ရဲ့သဘောဆန္ဒ ပါပဲ။ ရွာကိုပြန်လာပြီးတော့ နေအိမ်တွေပြန် လည်ဆောက်လုပ်တာမျိုး၊ ပြုပြင်တာမျိုးလုပ် ဆောင်မယ်ဆိုရင်တော့ ပံ့ပိုးပေးသွားမယ့် သဘောမျိုးနဲ့ ကူညီဆောင်ရွက်ပေးနေပါ တယ်” ဟု ပြောကြားသည်။

မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေ ဖြင့် စစ်ဘေးဒဏ်ရာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည့် မိသားစုများအား မိမိတို့ရပ်ရွာများသို့ ပြန်လာကြရန် တိုက်တွန်း ခြင်းမရှိကြောင်း၊ သို့သော်လည်း မိမိရပ်ရွာ များ သို့ ပြန်လာပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ဆောင်လိုပါက မွန်စစ်ဘေးရှောင်ကူညီ ရေး အဖွဲ့မှ ၀ိုင်းဝန်း ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆို သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်း တိုက် နယ်၊ ကော့ဘိန်းကျေးရွာရှိ ကော့ဘိန်း နယ်မြေရဲစခန်းအား KNU, KNLA, NMSF(AD), PDF  ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှ ဂျိုင်းမြစ်ဝှမ်း ဒေသ အတွင်း တိုက်ပွဲများဖြစ်ခဲ့သည့်အပြင် မတ်လ ၂၇ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ဓမ္မသ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ များ ၏ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ ရသည့်အပြင် တရနာကျေးရွာအနီးရှိ ကျွန်း ကုန်းကျေးရွာတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၅၀ ခန့်မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများ ၏ ပြောကြားချက်များအရ သိရသည်။

တပ်မတော်နှင့် ပူးပေါင်း အဖွဲ့များ အ ကြား တိုက်ပွဲများကြောင့် ဂျိုင်းမြစ်ဝှမ်း ဒေသ အတွင်း ကျောင်းထိုင်ဆရာတော်တစ်ပါးအပါအဝင် အရပ်သား ၃၀ ဦးထက် မနည်း ထိ ခိုက် သေဆုံးခဲ့ရသည့်အပြင် ဂျိုင်းမြစ်ဝှမ်း အနောက်ဘက်ကမ်းတစ်လျှောက်ရှိ ကော့ ဘိန်း ကျေးရွာနှင့် ဆက်စပ်နေသည့် ကော့ ပေါက်၊ ကော့ပလိုင်၊ ကော့မိတ်၊ ဓမ္မသ၊ သံက လောင်၊ ကျွန်းကုန်း၊ တရနာ၊ ကော့သိပ်၊ ကော့ စွယ် အစရှိသည့် ကျေးရွာများမှ ကျေးရွာ ဒေသခံပြည်သူ ၅၀၀၀၀ ကျော်မှာလည်း နေ ရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရ သည်။

လတ်တလော ကျိုက်ရောမြို့နယ် ဂျိုင်း မြစ်ဝှမ်းအတွင်း တိုက်ပွဲကြီးများဖြစ်ပွားခြင်း မရှိသော်လည်း မကြာခဏ ပစ်ခတ်မှုများရှိနေ သေးသည့်အတွက် နေရပ်စွန့်ခွာစစ်ဘေး ရှောင် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာများသို့ ပြန်လာရန် မဝံ့မရဲဖြစ် နေကြ ဆဲဖြစ်ကြောင်း တရနာကျေးရွာမှ စစ်ဘေး ရှောင် ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အရင်ကထက် ရွာကိုပြန်လာကြတယ်။ ဒါပေမယ့် ပစ်တာ ခတ်တာတွေ ရှိနေကြဆဲဖြစ်တော့ တချို့ လည်း ပြန်ထွက်သွားကြတာမျိုးတွေလည်း ရှိ ပါတယ်။ အဓိကက လုံခြုံရေးအခြေအနေ ပေါ် မူတည်ပါတယ်။လုံခြုံရေးအခြေအနေ ကောင်း မှပဲ ဒေသခံတွေလည်း ပြန်လာနိုင်ကြ မှာပါ” ဟု ပြောကြားသည်။

မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေ ဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ် ဘေးဒဏ် ကြောင့် နေအိမ်များ မီးလောင်ပျက် စီးမှုများဖြစ်ပွားခဲ့သည့် ကျိုက်မရောမြို့နယ် ကျွန်းကုန်းကျေးရွာနှင့် ဓမ္မသကျေးရွာရှိ ဒေသခံပြည်သူများအတွက် အိမ်ခြေ ၆၆ လုံး စာ ထောက်ပံ့လှူဒါန်းခဲ့သေးကြောင်း သိရ သည်။

Most Read

Most Recent