လုံခြုံရေးတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် စက်လှေကို လှိုင်းလေပြင်းထန်နေသဖြင့် ကမ်းသို့ပြန်ရန် သေနတ်နှစ်ချက်ပစ်ဖောက် အသိပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် လက်ရှိတွင် ကမ်းထိုးရေယာဉ်ဖြင့် စစ်တွေမြို့သို့ သွားရောက်လျက်ရှိကြောင်း နစကရှင်းလင်း

လုံခြုံရေးတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် စက်လှေကို လှိုင်းလေပြင်းထန်နေသဖြင့် ကမ်းသို့ပြန်ရန် သေနတ်နှစ်ချက်ပစ်ဖောက် အသိပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် လက်ရှိတွင် ကမ်းထိုးရေယာဉ်ဖြင့် စစ်တွေမြို့သို့ သွားရောက်လျက်ရှိကြောင်း နစကရှင်းလင်း
Published 11 June 2024

လုံခြုံရေးတပ်ဖွဲ့ဝင်များတင်ဆောင်လာသည့် စက်လှေကို လှိုင်းလေပြင်းထန်နေသဖြင့် ကမ်းသို့ပြန်ရန် သေနတ်နှစ်ချက်ပစ်ဖောက် အသိပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် လက်ရှိတွင် ကမ်းထိုးရေယာဉ်ဖြင့် စစ်တွေမြို့သို့ သွားရောက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ ဆုတ်ခွာချိန် စက်လှေနှင့် ကမ်းထိုးရေယာဉ်သို့ သွားရောက်ရာ  ရေယာဉ်ပေါ် အတက်မခံဘဲ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဆိုသော နယ်ခြားစောင့်တပ်သားတစ်ဦး ပြောဆိုနေသည့် Video File တစ်ခု Online ပေါ်သို့ ပျံ့နှံ့နေသည့် ကိစ္စနှင့်ပတ်သက်၍ VOA သတင်းဌာန၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအားလုံး ကမ်းထိုးရေယာဉ်ပေါ်သို့ တက်ရောက်ရန်အတွက် သတ်မှတ်အရေအတွက်အတိုင်း စက်လှေများဖြင့် အလှည့်ကျ သယ်ဆောင်ပေးနေစဉ် ရာသီဥတု ဆိုးရွားနေသောကြောင့် ကမ်းမှထွက်ခွာရန် မသင့်တော်သေးသည့်အချိန်တွင် အဆိုပါစက်လှေသည် ကမ်းမှခွင့်ပြုချက်မရဘဲ ကမ်းထိုးရေယာဉ်သို့ ချဉ်းကပ်ရန်ကြိုးစားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

သို့သော် အဆိုပါစက်လှေသည် လှိုင်းလေပြင်းထန်မှုကြောင့် ကမ်းထိုးရေယာဉ်အနီးသို့ ကပ်မရဖြစ်နေချိန်တွင် အန္တရာယ်များသော ကြောင့်ကမ်းသို့ပြန်သွားရန်ပြောသော်လည်း အဆိုပါ စက်လှေသည် လှိုင်းသံ၊ လှေသံများကြောင့် မကြားရဖြစ်နေသဖြင့် ကမ်းထိုးရေယာဉ်မှ လက်နက်ငယ်နှစ်ချက်ပစ်ဖောက်၍ ကမ်းသို့ပြန်ရန် အသိပေးပြောကြားခြင်းသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးနှင့် မိသားစုဝင်များအား ကမ်းထိုးရေယာဉ်ပေါ်သို့ လုံခြုံဘေးကင်းစွာဖြင့် တင်ဆောင်ကာ စစ်တွေမြို့သို့ သွားရောက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent